Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် မြိတ်ဂဝေသီစေတနာရှင် လူမှုကူညီရေးအသင်း ပရဟိတအဖွဲ့နှင့် ချစ်ကြည်ရေးပရဟိတအဖွဲ့တို့ ပူးပေါင်း၍ မဇောကျေးရွာအုပ်စုမှ ကြေးနန်းတိုင်၊ မြင်သာ၊ ပြင်ကြီး၊ ဝိုင်းတောင်၊ လက်မဲ၊ သကန်ကရင်၊ သကန်မြန်မာ၊ ဘန်မဲ့၊ ခုံမော်အရှေ့ကမ်းကျေးရွာတို့တွင် COVID 19 အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါ အချက် … Read more
-
ဧရာဝတီမြစ်ရေဝင်ရောက်၍ သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊အမှတ်(၁၂)ရပ်ကွက်၊ အောက်ဆန်တန်းလမ်း၌ (၂၆-၇-၂၀၂၀)ရက်နေ့၊ (၁၅:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေဝင်ရောက်၍ သစ်ပင်ပြိုလဲမှုကြောင့် ပြိုကျပျက်စီး အိမ်ခြေ(၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၁၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးအိမ်ထောင်စု(၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး အိမ်ထောင်စု(၁)စုစာတို့ကို (၂၈-၇-၂၀၂၀)ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၉:၃၀) နာရီအချိန်အထိ အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာပေါင်း (၂၅) ရွာတို့အား Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ (မိုးကြိုးဘေး ၊ လေပြင်းဘေး ၊ ရေဘေး) ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာစုစုပေါင်း (၁၇) ရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Handspeaker ၊ Loudspeaker တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ တဲတော်ယာကျေးရွာအုပ်စု၊ ပြစ်ထဲကျေးရွာ၊ တဲတော်ယာ(တ)ကျေးရွာ ၊ ချောင်းနားကျေးရွာအုပ်စု၊ ချောင်းနားကျေးရွာ၊ တပ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတို့၌ (၂၆-၇-၂၀၂၀) ရက်နေ့၊ ညနေ (၁၉:၃၀) အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး အိမ်ခြေ (၁)လုံး၊ အမိုးလန်ပျက်စီးအိမ်ခြေ (၁၂) လုံး၊ အိမ်ထောင်စု (၁၃)စုမှ ကျား(၂၇)ဦး၊ မ(၂၃)ဦး၊ စုစုပေါင်း (၅၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၀၅,၀၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ ဈေးတန်း (ကွက်သစ်) ရပ်ကွက်၌ (၂၆-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါပုံး (၁)ပုံးနှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀၀/-)ကျပ်တို့အား (၂၈-၇-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ အင်ပင်ကျေးရွာ၊ တောင်စဉ်အေးကျေးရွာ၊ ရေနီလေးကျေးရွာ၊ ဘို့ကိုးလုံးကျေးရွာ၊ ညောင်ပင်အိုင်ကျေးရွာ၊ အင်ပင်တဲစုကျေးရွာ၊ ရေကျော်ကျေးရွာ၊ ဦးနီကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_jul2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ရေဖြူမြို့နယ် အတွင်းရှိ ကျောက်ထောင့်ကျေးရွာနှင့် နတ်တွင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Handspeaker ၊ Loudspeaker တို့ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်အတူ (၂၈-၇-၂၀၂၀)ရက်နေ့ တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ကျောက်မီးကျောင်းကျေးရွာ၊ မြန်မာအင်းတော်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့ ၊ မနက် (၀၉း၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကံကြီးဒေါင့်ကုန်းကျေးရွာ၊ တောင်ယာကုန်းကျေးရွာ၊ တောင်စုကျေးရွာ၊ ကျောက်ဝိုင်းကျေးရွာ၊ ပခုက္ကူစုကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၃၀-၆-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးခြင်း … Read more
