Author Archives: Department of Disaster Management

  • လေဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်း  (၂၄-၇-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကြပျက်စီးနေအိမ်(၁၃)လုံးနှင့် တစ်စိတ်တပိုင်းပျက်စီးအိမ်ခြေ(၁၀)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၁၀,၀၀၀)ကျပ်၊ လူဦးရေ(၉၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၉၉,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁၃)ပုံးတို့အား (၃၁-၇-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင်  ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jul2021

  • လေဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း  (၂၂-၇-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀,၀၀၀)ကျပ်၊ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၆,၃၀၀) ကျပ်တို့အား (၃၁-၇-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင်  ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jul2021

  • လေဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာတွင်  (၂၆-၇-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကြပျက်စီးနေသောနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၃၁-၇-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင်  အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jul2021

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်၊ (၁၂:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) သံလွင်မြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရသံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ၁၈-၇-၂၀၂၁ ရက်နေ့၊ ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ကတ်ဖကျေးရွာ၊ ဟိုနားကျေးရွာ၊ ဝှေးဆမ်းကျေးရွာ၊ ကောင်းကျောက်ကျေးရွာ၊ နောင်ငင်းကျေးရွာနှင့် နောင်တောင်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် Mask များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၂/၂၀၂၁)

    (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၁၉.၇.၂၀၂၁)မှ (၂၃.၇.၂၀၂၁) ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်ကျေးရွာ၊ တင်ထပ် ကျေးရွာ၊ တုံကွမ်ကျေးရွာ၊ နောင်ရှန်ကျေးရွာ၊ ဟွေပုန်ကျေးရွာနှင့် ကတ်ဝုန်းကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Mask များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လားရှိုးမြို့နေ ပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၆-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်(၁)၊ ပါရမီလမ်း၌ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် ပေးခြင်း၊ Mask များဖြန့်ဝေပေးခြင်းနှင့် အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နေ ပြည်သူများ COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၅-၇-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် နားမခေါ်ယာဉ်ရပ်နားစခန်း၌  အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး လက်သန့် ဆေးရည်ဖြင့် လက်သန့်စင်ပေးခြင်း၊ Mask များဖြန့်ဝေခြင်းနှင့် အပူချိန်တိုင်းကိရိယာ​ဖြင့် အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events