Author Archives: Department of Disaster Management

  • Covid-19 ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စုရှိ သာယာကုန်းကျေးရွာ၊ ကံ ဘက်ကျေးရွာ၊ လေးအိမ်တန်းရှမ်းစုကျေးရွာ၊ ကညင်ဆိပ်ကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ် ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်နှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအသိပညာများအား အများ ပြည်သူများ … Read more

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ (၁၀-၉-၂၀၂၀)ရက်နေ့တွင်ပေါက်မြို့နယ်၊ သံပရာအိုင့်ကျးရွာအုပ်စု၊ သံပရာအိုင့်ကျေးရွာ၊ ရေယာဉ်(မ)ကျေးရွာနှင့် ရေယာဉ်(တ)ယာကြီးကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါသည်။   #ar #mgy_sep2020 Source:             ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀)ရက်နေ့ (၀၈း၃၀)နာရီမှ(၁၀း၃၀)နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊  ဇီးပြားကျေးရွာနှင့် လုံခြုံကျေးရွာများသို့ Covid-19ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ လော်စပီကာများအသုံးပြု၍ ဆော်ဩခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_sep2020 Source:             ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ​​​​​ကျောင်းကုန်း​ကျေးရွာတွင် (၈-၉-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ဧရာဝတီမြစ်​ရေတိုက်စား၍ ကမ်းပါးပြိုကျမည်ကို စိုးရိမ်​မှုကြောင့် ကြိုတင်​ပြောင်း​ရွှေ့အိမ်​ခြေ(၃)လုံး၊ အိမ်​ထောင်စု(၃)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀ိ/-)၊ လူဦး​ရေ(၁၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၂၅,၂၀၀ိ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၃၂၅,၂၀၀ိ/-)အား (၁၀-၉-၂၀၂၀)ရက်​နေ့၊ (၁၀:၀၀)အချိန်တွင် ​​​​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_sep2020 Source:            မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid19 ကူးစက်ရောဂါနှင့် သဘာဝဘေး အသိပညာပေးဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဗောဓိကုန်း‌ကျေးရွာ၊ လေးကြီး‌‌ ကျေးရွာ၊ တာကောက်ကျေးရွာ၊ အင်ငါးခွကျေးရွာ၊သိုက်ကျင်းမကျေးရွာနှင့် သဖန်းချိုကျေးရွာတို့၌ (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_sep2020 Source:             ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (Covid-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာ အုပ်စု၊ လယ်ကြီးကျေးရွာအုပ်စုနှင့် ပိန်းပြစ်ကျေးရွာအုပ်စုတို့မှ ကျေးရွာ (၈) ရွာများသို့ (၈-၉-၂၀၂၀) ရက်နေ့တွင် (COVID-19) အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_sep2020     Source: ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၉-၉-၂၀၂၀)ရက်နေ့တွင် ရန်ကုန်‌အရှေ့ပိုင်းခရိုင်၊ ‌ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁)ရပ်ကွက်၊ အမှတ်(၄၂)ရပ်ကွက်၊ အမှတ်(၄၄)ရပ်ကွက်၊ အမှတ်(၄၅)ရပ်ကွက်၊ အမှတ်(၄၇)ရပ်ကွက်၊ အမှတ်(၄၈)ရပ်ကွက်၊ အမှတ်(၄၉)ရပ်ကွက်များတွင် Covid19ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌မပေါ်ပေါက်စေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြား ချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ygn_sep2020 Source:             ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေးနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊​ ပြန်လည်ထူ​ထောင်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ (၉-၉-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်တွန်းရွာ၊ ဘုံမိုရွာ၊ လွယ်ငူရွာ နှင့် နမ့်ဟူးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခဲ့ပြီး Mask နှင့် COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်းကိုအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေးပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand … Read more

  • (Covid-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သံကြိုး၊ ရေပြင်းချောင်း၊ မယ်စိန်စု၊ ရွာသစ်၊ မြတ်လှချောင်း၊ ရန်ကင်းစံရာအနောက်ကျွန်းကျေးရွာများ၌ (Covid-19) ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_sep2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေးနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ၊ ကျောက်ကုတင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိအညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_sep2020   Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events