လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာ အုပ်စု၊ လယ်ကြီးကျေးရွာအုပ်စုနှင့် ပိန်းပြစ်ကျေးရွာအုပ်စုတို့မှ ကျေးရွာ (၈) ရွာများသို့ (၈-၉-၂၀၂၀) ရက်နေ့တွင် (COVID-19) အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)