Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟသာၤဒုံး ကျေးရွာအုပ်စု၊ ဟသာၤဒုံးကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၁)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၅၁၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၆၅၁၀၀/-)ကျပ်အား (၁၁-၉-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug2020

  • ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ၌ (၁၀-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးရန်ပုံငွေ (၂၁,၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၁,၀၀၀) ကျပ်အား (၁၁-၉-၂၀၂၀) ရက်နေ့၊ (၁၃:၁၀) အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်မှစ၍ မိုင်းဖြတ်မြို့နယ်ရှိ လကက်ကျေးရွာနှင့် နမ့်ယောင်းကျေးရွာတို့တွင် covid-19 ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် ကျေးရွာပြည်သူများအား covid-19 ရောဂါနှင့်ပတ်သတ်သော ကျန်းမားရေးအမူအကျင့်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာတို့အား အသံချဲ့စက်အသုံးပြု၍ ကျေးရွာပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပညာပေးခြင်းနှင့် covid-19 အသိပညာပေးလက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ Mask များ၊ လက်ဆေးဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ပေါက်မြို့နယ်၊ မုန်ကုန်းကျေးရွာ၊ စွန်ဆိပ်ကုန်း ကျေးရွာနှင့် စခန်းလှကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀)ရက်နေ့၌ စကုမြို့နယ်(ကျောင်းရွာရပ်ကွက်)၊ ​မင်းဘူးမြို့နယ်၊ ​ဇရပ်​ကြီးကျေးရွာ၊ ရေပုတ်ကျေးရွာ၊ ကျွဲတဲကျေးရွာနှင့်​ ညောင်ကိုင်း​ကျေးရွာများတွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး နှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းများကို ​​ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေတိုက်စားမှုကြောင့် သစ်ပင်ပြိုလဲရာမှ တစိတ်တပိုင်းပျက်စီးနေအိမ် (၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၃)စုရှိ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၃,၁၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၁၃,၁၀၀)ကျပ်အား (၁၀-၉-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ် လူငယ်ရေးရာအတွင်းရေးမှူး၊ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့ တွင် လှေဝန်းကျေးရွာအုပ်စု၊ လှေဝန်းကျေးရွာ၊ဖို စွတ်ကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀)ရက်နေ့တွင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကယားလမ်းကျေးရွာအုပ်စု၊ ကယားလမ်းကျေးရွာနှင့် ဟိုချောင်းကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker ဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • Covid-19 အသိပညာပေးဗွီနိုင်းအား ပြောင်းလဲစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် စိုက်ထူထားခဲ့သော ယခင်ရေဘေးအသိပညာပေး ဗွီနိုင်းအား covid-19 အသိပညာပေးဗွီနိုင်းဖြင့် လဲလှယ်စိုက်ထူခဲ့ခြင်းကို (၁၁-၉-၂၀၂၀) ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ မြို့နယ်လူငယ်ရေးရာအတွင်းရေးမှူးတို့နှင့်အတူ အဆိုပါ covid-19 အသိပညာပေး ဗွီနိုင်းသစ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နောင်အင်ဈေး၌ COVI-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

Sign Up

Upcoming Events