
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် စိုက်ထူထားခဲ့သော ယခင်ရေဘေးအသိပညာပေး ဗွီနိုင်းအား covid-19 အသိပညာပေးဗွီနိုင်းဖြင့် လဲလှယ်စိုက်ထူခဲ့ခြင်းကို (၁၁-၉-၂၀၂၀) ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ မြို့နယ်လူငယ်ရေးရာအတွင်းရေးမှူးတို့နှင့်အတူ အဆိုပါ covid-19 အသိပညာပေး ဗွီနိုင်းသစ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_sep2020