Author Archives: Department of Disaster Management

  • တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှုများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၁) ရက်နေ့၊ (၀၄:၀၀)နာရီအချိန်တွင် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာရွာသစ်ကျေးရွာအတွင်း တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်ဆီးအိမ်‌ခြေ (၂) လုံးအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀ဝ)ကျပ်၊ လူဦးရေ(၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၆,၈၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၆,၈၀ဝ)ကျပ်အား (၁၉-၁၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင်‌ တိုက်ကြီးမြို့အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_nov2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၂၁) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝချောင်းထဲကျေးရွာ၌ မီးဘေးကြောင့် ပြိုကျပျက်စီးသွားသည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ သေဆုံး(၅)ဦးအတွက် ထောက်ပံ့ငွေ (၁,၅၀၀,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၇၀၀,၀၀၀)ကျပ်ကို (၈-၁၁-၂၀၂၁) ရက်နေ့ (၁၁:၃၀) အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #tny_nov2021

  • လေးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၂၁) ရက်နေ့ (၀၄:၃၀) အချိန်၌ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊​ ​နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာ​တွင် ဖြစ်ပွားသော​ လေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ)ကျပ်၊ အိမ်​ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် ဆန်ဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈,၄၀၀) ကျပ်တို့အား (၅-၁၁-၂၀၂၁) ရက်​နေ့ (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး … Read more

  • မိုးကြိုးဘေးသင့် ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၂၁) ရက်နေ့ (၁၅:၃၀) အချိန်၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကံသာကျေးရွာအုပ်စု၊ ဇီးတော​​ကျေးရွာ​နေသူသည် ပေါင်းတည်မြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ ပေါက်တန်းကျေးရွာ လယ်ကွင်းတွင် ကောက်ရိတ်နေစဥ် ဖြစ်ပွားသော မိုးကြိုးဘေးမှ သေဆုံး(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ကျပ်အား (၅-၁၁-၂၀၂၁) ရက်​နေ့ (၁၂:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဘေးဖြစ်ပွားသူနေထိုင်ရာကံသာ​ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာသို့သွားရောက်၍ ဇနီးဖြစ်သူ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • မိုင်းထိဒဏ်ရာရပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၁-၂၀၂၁) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ကြူရှော(တောင်)​​ကျေးရွာနေ ပြည်သူ(၃)ဦးသည် မိုင်းစထိမှန်ဒဏ်ရာရရှိပြီး လားရှိုးပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေသည့်အတွက် အဆိုပါ ဒဏ်ရာရပြည်သူ(၃)ဦးတို့အတွက် (၁)ဦးလျှင်ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ(၁၅၀,၀၀၀/-)ကျပ်အား (၂-၁၁-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_nov2021 Souce: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၁၁-၁၀-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၇,၃၀၀/-)ကျပ်အား (၁၄-၁၀-၂၀၂၁)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2021 #Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၁) ရက်နေ့၊ (၀၇:၀၅) နာရီအချိန်တွင် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊‌ အောင်ဆန်းရပ်ကွက်၊ သီဟိုဠ်ကျောင်းလမ်းအတွင်း မီးလောင်ကျွမ်းမှု‌ကြောင့်အိမ်‌ခြေ (၁) လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀ဝ) ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀ဝ) ကျပ်အား (၁၂-၁၀-၂၀၂၁) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင်‌ အင်းစိန်မြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more

  • Hygiene Kit-E ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၁) ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ကလေးမြို့၊ ဘိုးဘွားရိပ်သာသို့ Hygiene kit-E (၁၀) ဘူးနှင့် ကလေးမြို့၊ အေးရိပ်မွန်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဂေဟာသို့ Hygiene Kit-E (၁၀) ဘူး၊ စုစုပေါင်း(၂၀)ဘူးအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_oct2021  

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ တာပသွန်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၉-၁၀-၂၀၂၁) ရက်နေ့ (၁၁း၀၀)နာရီအချိန်မှ(၁၃း၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် စျေးမသွယ်အထက်ကျေးရွာ၌ နေထိုင်ကျသောပြည်သူများအား COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events