တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှုများအား ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၁) ရက်နေ့၊ (၀၄:၀၀)နာရီအချိန်တွင် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာရွာသစ်ကျေးရွာအတွင်း တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်ဆီးအိမ်‌ခြေ (၂) လုံးအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀ဝ)ကျပ်၊ လူဦးရေ(၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၆,၈၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၆,၈၀ဝ)ကျပ်အား (၁၉-၁၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင်‌ တိုက်ကြီးမြို့အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr
#ygn_nov2021

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events