Author Archives: Department of Disaster Management

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အဆင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းအား သင်တန်းသား (၃ဝ)ဦးဖြင့် (၁-၄-၂၀၁၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ထိုသင်တန်းသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား တွင် Disaster Alert Notification (DAN) Mobile Application အသုံးပြုပုံနှင့် အသုံးဝင်ပုံများကိုလည်း ထည့်သွင်းရှင်းလင်းခဲ့ကြောင်းသတင်းရရှိပါသည်။

  • မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇)နေ့က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သော  မော်လိုက်မြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ လမ်းကူးကျေးရွာနှင့် ရွာသစ်ကျေးရွာရှိ အိမ်ထောင်စု(၅)စု အား ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ ၅ အိမ်ထောင်စာအား (၃၁-၃-၂၀၁၇)နေ့တွင် မော်လိုက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှုးရုံးရှိ တာဝန်ရှိသူများသည် Unicef နှင့် ပူးပေါင်း၍ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစေတနာ့ဝန်ထမ်း စုစုပေါင်း (၅ဝ) ဦးဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအခြေခံသင်တန်းအား (၂၉-၃- ၂၀၁၇) ရက်နေ့မှ (၃၀-၃-၂၀၁၇) ရက်နေ့အထိ ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ရာ သထုံခရိုင်ဦးစီးမှုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်ခန်းစာများပို့ချပေးခြင်း၊ DAN mobile application နှင့် ပတ်သတ်၍ရှင်းလင်းခြင်းဖုန်းများအတွင်းထည့်သွင်းပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကရင်ပြည်နယ်ဦးစီမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဘင်ဂျီကျေးရွာတွင် (၃၀-၃-၂၀၁၇)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်(၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စု၊  လူဦးရေ(၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထောင်စုစာ နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၀၀,၀၀၀)အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ရေမျော (၁၂) ဦးအား ခရီးစရိတ်ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဦးစီးဌာန၊ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၀-၃-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ရေမျော (၁၂) ဦးအား  ခရီးစရိတ် (၁) ယောက်လျင် ကျပ် (၁၀,၀၀၀) နှုန်းဖြင့် (၁၂) ဦးအတွက် (၁၂၀,၀၀၀) ကျပ် ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရှိရပါသည်။ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)  

Sign Up

Upcoming Events