ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇)နေ့က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သော မော်လိုက်မြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ လမ်းကူးကျေးရွာနှင့် ရွာသစ်ကျေးရွာရှိ အိမ်ထောင်စု(၅)စု အား ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ ၅ အိမ်ထောင်စာအား (၃၁-၃-၂၀၁၇)နေ့တွင် မော်လိုက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။