Author Archives: Thu Thu Han
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၈.၂၀၁၉)နေ့တွင် ပုလောမြို့နယ် ကျောက္ကာကျေးရွာအုပ်စု လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိပြိုလဲနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ သစ်ပင်ဖိဒဏ်ရာရလူနာ (၁)ဦး အတွက် ဆေးကုသစရိတ် (၅၀၀၀၀)ကျပ်၊ ယိုင်နဲ့အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေစုစုပေါင်း (၂၂)ဦး အတွက် ဆန်ဘိုး (၄၆၂၀၀)ကျပ် စုစုပေါင်းရန်ပုံငွေ (၂၉၆၂၀၀)ကျပ်အား (၃.၈.၂၀၁၉)ရက်နေ့ (၁၀း၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၁၉)ရက်နေ့ (၂၃း၄၅)အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့နယ် ဘားကပ်ကျေးရွာအုပ်စု တောကြီးကုန်းကျေးရွာတွင် လုံးပတ် (၅)ပေခန့် အရှည် (၅၀)ပေခန့်ရှိ လက်ပံပင်မှာလူနေအိမ်ပေါ်သို့လဲကျရာမှ ထိုနေအိမ်အတွင်းရှိ လူဦးရေ (၃)ဦးမှာ သစ်ပင်ပိသေဆုံးပြီး ကျန် (၁)ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၃)ဦးအတွက် ထောက်ပံ့ငွေ(၉၀၀၀၀၀/-)နှင့် ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-) စုစုပေါင်း( ၉၅၀၀၀ဝိ/-) အား (၃.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေ ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့ ၊ မြေနီကုန်းရှိ Star Academy Hospitality and Business Management သင်တန်းကျောင်းတွင် သင်တန်းကျောင်းမှဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ စုစုပေါင်း(၇၅)ဦးခန့်အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ဆောင်ရွက်နေမှုအပိုင်းများအား အသိ ပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ar #ygn_aug2019
-
ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဟောင်သရောမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွေ့နေထိုင်ရသော အိမ်ထောင်စု(၂၃၆)စု လူဦးရေ(၁၁၃၇)ဦးတို့အတွက်ဆန်ရိက္ခာဖိုးငွေ(၂၃၈၇၇၀၀/-)အား (၃.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_fld #krn_aug2019
-
ရေးမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး အနီးရှိအုန်းပင်ပိမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်မှ အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)နှင့် ဘေးသင့်လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀/-)နှုန်းဖြင့် (၁၀၅၀၀/-) စုစုပေါင်း (၁၁၀၅၀၀/-)အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_sgw #mon_aug2019
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၉)ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေလျှံမှုကြောင့် ကျောက်လုံးကြီးကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု(၉၁)စု၊ လူဦးရေ (၃၈၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၈၁၆၉ဝဝိ/-)အား ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_fld #krn_aug2019
-
ရေးမြို့နယ်ဦးစီးမှူးရုံးမှ သိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ကျင်းပမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တဝန်ရှိသူများသည် (၂.၈.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ကနင်ကမော့ ကျေးရွာရှိ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူ (၁၀၀)ဦးတို့အား (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်ထိ အသိပညာပေး ဟောပြောဆွေးနွေးခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ar #mon_aug2019
-
ဟင်္သတခရိုင်ဦးစီးမှူးရုံးမှ DAN Application အသိပညာများနှင့် ရေဘေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၈-၂၀၁၉) ရက်နေ့တွင် ဟင်္သာတခရိုင်အတွင်းရှိ ရေလှောင်တမံ ၄ ခု ( မမြ, ကညင်,နန်ကသူ,ကွန်ချောင်း) အနက် ကညင် ဆည် ရေသောက် ရေလှောင်တမံ အနီးရှိ လယ်ကြီးကွင်းကျေးရွာအုပ်စု ကျွန်းပင်ဆိပ်ကျေးရွာတွင် သပြေပင်အုပ်စု လယ်ကြီးကွင်းအုပ်စု မဲဇလီကုန်းအုပ်စု ကရင်ကူးအုပ်စု ဘုရားကွင်းအုပ်စု နှင့်သက္ကယ်ပြင်(မဲ)အုပ်စုများမှ ပြည်သူ( ၂၀၀) ဦးအား မဲဇလီကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထိုက်မှ အဖွင့်အမှာစကားအား လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ … Read more
-
ဟင်္သတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၇.၂၀၁၉) ရက်နေ့တွင် သက္ကယ်ပြင်(သံ)အုပ်စု ကညင်ရိုးကျေးရွာနှင့် ကံဘက်အုပ်စု သာယာကုန်းကျေးရွာတို့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသောအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀ိ/-) ဘေးသင့်လူဦးရေ(၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၆၈၀၀ိ/-)စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၁၆၈၀၀ိ/-)က ကျပ်ကို (၂.၈.၂၀၁၉)နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကမ်းပြို ဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2019 Source: ဟင်္သတခရိုင်ဦးစီးမှူးရုံးမ(ဘစမ)
