Author Archives: RRD

  • (၁၉-၈-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ အလှူငွေလက်ခံရရှိမှု အခြေအနေသတင်း

    (၁၉-၈-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) သို့ တောင်ကြီးမြို့နယ်၊ အေးသာယာအမှတ် (၃) ရပ်ကွက်နေ ဦးလှိုင်ဝင်း ရာအိမ်မှူးမှ ၄င်းရပ်ကွက်မှ စေတနာရှင်များစုပေါင်း၍ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၁၀၀,၀၀၀) ကျပ်အား လာရောက်လှူဒါန်းခဲ့ရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး

  • (၁၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူငွေလက်ခံရရှိမှု အခြေအနေသတင်း

    (၁၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ အမှတ် (၅၁/ခ)၊ ပြည်တော်အေးရိပ်သာ၊ ရန်ကင်းမြို့မှ ဦးစိုးသိန်း+ဒေါက်တာခင်အုန်းရီ မိသားစုမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၁၅၀,၀၀၀) ကျပ်၊ ဦးနေခြည်အောင်+ဒေါ်ဇင်မင်းသွယ် မိသားစုမှ အလှူငွေ (၁၀၀,၀၀၀) ကျပ်နှင့် သား (WILLIAM) မှ အလှူငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်း (၃၀၀,၀၀၀) ကျပ်အား လာရောက်လှူဒါန်းခဲ့ရာ ဦးစံကုန်း (ဦးစီးအရာရှိ) က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

  • (၁၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူငွေလက်ခံရရှိမှု အခြေအနေသတင်း

    (၁၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်တင်လတ်သန္တာဗိုလ်၊ ဒေါက်တာ ဇော်ဝင်း+ဒေါက်တာ ရတနာအောင်၊ ဦးအောင်မြင့်+ဒေါ်တင်ထွေးစန္ဒာဗိုလ်၊ ဦးဇော်ဝင်းအောင်+ဒေါက်တာ ရီရီမြင့်၊ ဒေါက်တာ မြင့်သိန်း+ဒေါက်တာ သီရိအောင်တို့အဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၁၇၀,၀၀၀) အား လာရောက်လှူဒါန်းခဲ့ရာ ဦးစံကုန်း (ဦးစီးအရာရှိ) က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Sign Up

Upcoming Events