Author Archives: RRD

  • စစ်တွေမှ မောင်တောနေရပ်ပြန် အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၈) ဦးအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ထောက်ပံ့ပေးမှုသတင်း

    (၂-၁၁-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် စစ်တွေမှ မောင်တောနေရပ်ပြန် အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၈) ဦးအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန်အတွက် စစ်တွေဆိပ်ကမ်းမှ ဘူးသီးတောင်မြို့သို့ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ပို့ဆောင်ပေးသည့်အပြင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၁၁) စုစာ ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါနေရပ်ပြန်ပြည်သူများသည် ဘူးသီးတောင်မြို့အမြန်ယာဉ်ဆိပ်ကမ်းသို့ (၁၁:၂၀) နာရီအချိန်တွင် ရောက်ရှိခဲ့ရာ မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ၊ ဘူးသီးတောင်မြို့မှ … Read more

  • (၁-၁၁-၂၀၁၆)ရက်နေ့တွင် မောင်တောခရိုင်ဦးစီးမှူးရုံးမှ မောင်တောနေရပ်ပြန်ပြည်သူများအား လိုက်ပါ ပို့ဆောင်ခြင်း

      (၁-၁၁-၂၀၁၆)ရက်နေ့တွင် စစ်တွေမှ မောင်တောနေရပ်ပြန်ပြည်သူများသည် မလိခအမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်ဆိပ်ကမ်းသို့ (၁၅:၁၀)နာရီအချိန်တွင် ရောက်ရှိလာကြရာ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကြိုဆိုခဲ့ကြပြီး ၄င်းနေရပ်ပြန်ပြည်သူများအား မောင်တောသို့ (၁၅:၅၅)နာရီအချိန်တွင် မော်တော်ယာဉ် (၃)စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source :   မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    (၂၇-၁၀-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တူးမြောင်းမူလွန်ကျောင်းနှင့် ဆားအိုးချောင်း အလကခွဲ တို့တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ရာ  ကျောင်းသား/သူများအားစုစုပေါင်း (၃၅ဝ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source : ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events