Author Archives: RRD

  • ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုအတွင်းသို့ (၁၁-၁၂-၂၀၁၆)ရက်နေ့တွင်ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၃) စုမှ ကျား (၅၅)ဦး မ (၇၇)ဦး၊ စုစုပေါင်း (၁၃၂) ဦးအတွက် ကျောက်မဲမြို့ရပ်ကွက်(၈) ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့် လှစ်ပေးခဲ့ပြီး၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတန်ဖိုးငွေကျပ် (၇၂၆၂၁၇၈) အား (၁၄-၁၂-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

                                        လမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးဌာနှင့် UNDP တို့ပူးပေါင်း၍ မြန်မာနိုင်ငံ ပြည်သူလူထု၏ သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ထိရောက်သော တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို တိုးမြှင့်ပေးခြင်းနှင့် ပြည်သူလူထု၏ အသိပညာတိုးပွားရေးလုပ်ငန်းအဖွဲ့ အလုပ်ရုံဆွေးနွေးပွဲအား (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် Grand Amara Hotel၊ နေပြည်တော်၌ … Read more

  • ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားသဘာဝဘေး အသိပညာပေးခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သထုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပူးပေါင်း၍ (၁၄-၁၂-၂၀၁၆)ရက်နေ့တွင် သထုံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ ဒင်္ဂါးဆိပ်ကျေးရွာစာသင်ကျောင်းအလကခွဲရှိ ကျောင်းသူ/သား (၄၂၇)ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • သထုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပူးပေါင်း၍ (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ အလယ်တန်းကျာင်းရှိ ကျောင်းသူ/သား (၂၅ဝ)ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်းကာ (၁၂-၁၂-၂၀၁၆)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ ခြေခံပညာအထက်တန်း ကျောင်းခွဲရှိ ကျောင်းသူ/သား (၃ဝဝ)ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Mobile Application အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်မှု သတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့်  ဖျာပုံခရိုင်ဦးစီးမှူးရုံးများမှ စုစုပေါင်း ကိုယ်စားလှယ် (၁၂)ဦး အား သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကျောက်မဲမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်အိမ်ထောင်စု (၅)စုမှ လူဦးရေ (၂၄) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး တန်ဖိုးငွေကျပ် (၁၁၀၃၃ဝ)၊ အိမ်ထောင်စု (၅) စုစာနှင့် ဆန် (၃)ရက်စာဖိုးငွေကျပ် (၂၁၆ဝဝ) အား (၁၂-၁၂-၂၀၁၆)ရက်နေ့တွင်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events