Author Archives: RRD
-
ကချင်ပြည်နယ်၊ အင်ဂျန်းရမ်ကမြို့မှ ဝိုင်းမော်မြို့၊ မိုင်းနားဖွံ့ဖြိုးရေးခြံသို့ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ အင်ဂျန်းရမ်ကမြို့မှ ဝိုင်းမော်မြို့၊ မိုင်းနားဖွံ့ဖြိုးရေးခြံသို့ ပြောင်းရွှေ့လာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၆ ) စုမှ လူဦးရေ (၅၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ( ၃) ရက်စာဖိုး (၄၇၇၀၀) ကျပ်တိတိအား (၂၂-၁၂-၂၀၁၆ ) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်ဆောကျေးရွာမှ ကျောက်မဲမြို့၊ ကမ္ဘောဇရှမ်းကျောင်းသို့ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နမ့်ဆောကျေးရွာမှ ကျောက်မဲမြို့၊ ကမ္ဘောဇရှမ်းကျောင်းသို့ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၅၁) စုမှ လူဦးရေ (၁၅၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅၁) စုစာနှင့် ဆန်၃ရက်စာဘိုးငွေ (၁၄၁၃၀၀) ကျပ်တိတိအား (၁၈-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်သို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၂-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်သို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၀၈) စုမှ လူဦးရေ (၄၉၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃၀၈) စုစာနှင့် ဆန်၃ရက်စာဘိုးငွေ (၄၄၁၉၀၀) ကျပ်တိတိအား သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်းရှိ ပြည်သူများတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သီပေါမြို့နယ်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၃-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သီပေါမြို့နယ်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၉) စုမှ လူဦးရေ (၂၀၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၄၉) စုစာနှင့် ဆန် (၃) ရက်စာဘိုးငွေ (၁၈၂၇၀၀) ကျပ်တိတိအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သီပေါမြို့နယ်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၅-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သီပေါမြို့နယ်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၁) စုမှ လူဦးရေ (၁၉၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၄၁) စုစာနှင့် ဆန် (၃) ရက်စာဘိုးငွေ (၁၇၇၃၀၀) ကျပ်တိတိအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၃-၁၂-၂၀၁၆) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျီကြီးကျေးရွာအုပ်စု၊ ကျီကြီးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၄၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
DAN mobile Application နှင့် Kobo mobile application အသုံးပြုပုံများနှင့်စပ်လျဉ်းသည့် ဆင့်ပွားအသိပညာပေးခြင်း ပြုလုပ်မှုသတင်း
(၂၃-၁၂-၂၀၁၆) ရက်နေ့တွင် ဖျာပုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်ထွေ/အုပ်ရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများနှင့် သဘာဝဘေးကျရောက်ပါက ပျက်စီးဆုံးရှုံးမှုစာရင်းများအား လျင်မြန်စွာကောက်ယူနိုင်ရေးအတွက် DAN mobile Application နှင့် Kobo mobile application အသုံးပြုဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ INGO-NGO များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထန်းလူငယ်များ စုစုပေါင်းအင်အား (၁၅၀) ဦးကို ဆင့်ပွားအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အရှေ့ အာရှ မိသားစုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူ ညီမျှရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်မှုသတင်း
အရှေ့အာရှ မိသားစု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chauocha မှ အဖွင့်မိန့်ခွန်းပြောကြားကာ ဖွင့်လှစ်ပေးပြီးနောက် ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Police General Adul Saengsingkaew နှင့် ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာန … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း ၁/၂၀၁၆ ဖွင့်လှစ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း ၁/၂၀၁၆ ကို (၂၁-၁၂-၂၀၁၆) မှ (၂၃-၁၂-၂၀၁၆) နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူဦးရေစုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
