Author Archives: RRD
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်တွင် သောက်သုံးရေရရှိရေးဆောင်ရွက်မှုသတင်း
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သောက်ရေလီတာ (၈၀၀)နှင့် သုံးရေ ဂါလံ (၂၄၀၀)အား တာ၀န်ရှိသူများမှ (၂၄-၄-၂၀၁၆)ရက်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ရွှေလှေစုကျေးရွာတွင် သောက်သုံးရေရရှိရေးဆောင်ရွက်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ရွှေလှေစုကျေးရွာရှိ အိမ်ခြေ (၃၄၁) အိမ်၊ အိမ်ထောင်စု (၃၅၈)စု၊ လူဦးရေ (၁၇၀၆)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများမှ (၂၄-၄-၂၀၁၆)ရက်နေ့တွင် သောက်သုံးရေ (၁၃၅၂) ဂါလံ ရရှိရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟားခါးလေးနှင့် တွီခိန်းဇန်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုအတွက် တာပေါ်လင်လိပ်လှူဒါန်းမှုသတင်း
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟားခါးလေးနှင့် တွီခိန်းဇန်ကျေးရွာတွင် လေပြင်းတိုက်ခတ် ခံခဲ့ရသည့် အိမ်ခြေ (၄၂၃) အိမ် အမိုးလန်ပျက်စီးခဲ့မှုကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများမှ (၂၃-၄-၂၀၁၆)ရက်နေ့ (၀၉၀၀)အချိန်တွင် တာပေါ်လင်အလိပ် (၅၀)အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သောက်သုံးရေရရှိရေးဆောင်ရွက်ပေးခြင်း
(၂၄-၄-၂၀၁၆)ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အိမ်ခြေ (၇၄)အိမ်၊ အိမ်ထောင်စု (၇၄)စု၊ လူဦးရေ (၂၈၄)ဦးအတွက် သောက်သုံးရေရရှိရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ သောက်သုံးရေ ဂါလံ (၂၀၀၀)အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၂၂.၄.၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြင်းခြံမြို့နယ်၊ သာပေါင်းရွာ လေဘေးသင့်ဒေသသို့ သွားရောက် ထောက်ပံ့မှုသတင်း
(၂၂.၄.၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြင်းခြံမြို့နယ်၊ သာပေါင်းရွာ လေဘေးသင့်ဒေသသို့ သွားရောက် ထောက်ပံ့ခဲ့ပါသည်။
-
သွားလာရေးခက်ခဲသော သောက်သုံးရေအလွန်လိုအပ်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် တာချောင်းကျေးရွာ သောက်သုံးရေရရှိရေး ရေဂါလံ (၂၀၀၀)ဆံ့ အုတ်ရေကန်ဆောက်လုပ်ရေးအတွက် ငွေ (၁,၈၅၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့မှုသတင်း
သွားလာရေးခက်ခဲသော သောက်သုံးရေအလွန်လိုအပ်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် တာချောင်းကျေးရွာ သောက်သုံးရေရရှိရေး ရေဂါလံ (၂၀၀၀)ဆံ့ အုတ်ရေကန်ဆောက်လုပ်ရေးအတွက် ငွေ (၁,၈၅၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြေရင့်ကျေးရွာတွင် သောက်သုံးရေ ရရှိရေးနှင့် စင်မြင့်ရေကန် ဆောက်လုပ်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးခဲ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြေရင့်ကျေးရွာတွင် သောက်သုံးရေ ရရှိရေးနှင့် စင်မြင့်ရေကန် ဆောက်လုပ်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ဦးမြင့်စိုးနှင့် အဖွဲ့သည် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်ဆောက်လုပ်ရန်အတွက် ငွေကျပ် (၃၈) သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၃-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏားကျွန်းမြို့နယ်၊ အထုတ်သည်ကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ(၂၃-၄-၂၀၁၆) ရက်နေ့တွင် ပုဏားကျွန်းမြို့နယ်၊ အထုတ်သည်ကျေးရွာသို့သောက််ရေဂါလံပေါင်း (၁၀၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၃-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာ သို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ(၂၃-၄-၂၀၁၆) ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာရှိအိမ်ခြေ(၈၀) အတွက်သောက််ရေဂါလံပေါင်း (၁၂၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၃-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အောက်သောင်ကျေးရွာအုပ်စု၊ ဆယ်ဧကကျေးရွာ သို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ(၂၃-၄-၂၀၁၆) ရက်နေ့တွင် သနပ်ပင်မြို့နယ်၊ အောက်သောင်ကျေးရွာအုပ်စု၊ ဆယ်ဧက ကျေးရွာ ရှိအိမ်ခြေ(၁၆၇)၊အိမ်ထောင်စု(၁၆၇)၊ကျား(၃၇၈)၊ မ(၄၁၀) ပေါင်း(၇၈၈) ဦးအတွက်သောက််ရေဂါလပေါင်း (၁၃၅၂) ဂါလံ ကို ဖြန့်ဝေးပေးခဲ့ကြောင်း သိရှိရပါသည်။
