မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြေရင့်ကျေးရွာတွင် သောက်သုံးရေ ရရှိရေးနှင့် စင်မြင့်ရေကန် ဆောက်လုပ်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ဦးမြင့်စိုးနှင့် အဖွဲ့သည် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်ဆောက်လုပ်ရန်အတွက် ငွေကျပ် (၃၈) သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။