Author Archives: RRD

  • ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သောက်သုံးရေဖြန့်ဝေမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများမှ ဘားအံမြို့၊ သာမညကျေးရွာအုပ်စု၊ ဝိဇ္ဇာရပ်ကွက်၊ ငွေတောင်ရပ်ကွက်နှင့် အောင်မေတ္တာရပ်ကွက်များရှိ အိမ်ခြေ (၂၁၅)အိမ်၊ လူဦးရေ (၁၀၇၅)ဦး အတွက် သောက်သုံးရေ ဂါလန် (၄ဝဝဝ) အား (၂၀-၅-၂၀၁၆)ရက်နေ့တွင် သွားရောက်ဖြန့်ဝေခဲ့ ကြောင်းသိရှိရပါသည်။

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါ်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးရှိတာ၀န်ရှိသူ များမှ (၂၀-၅-၂၀၁၆)ရက်နေ့ (၁၁၃ဝ)အချိန်တွင် မန်ဆူဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုမှ စစ်ဘေးရှောင်အိမ်ထောင်စု (၅၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၅၇)အိမ်ထောင်စာနှင့် လူဦးရေ ကျား (၅၃)ဦး၊ မ (၉၁)ဦး စုစုပေါင်း (၁၄၄)ဦး အတွက်ဆန်ဘိုး(၃)ရက်စာလှူဒါန်းငွေကျပ် (၁၃၀,၀၀၀) အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

  • ကရင်ပြည်နယ်၊ မြ၀တီခရိုင်တွင် သောက်သုံးရေဖြန့်ဝေမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၂၀-၅-၂၀၁၆)ရက်နေ့တွင် မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘုံ၊ မိချောလေးအုပ်စုနှင့် (၈၈)အုပ်စုများရှိ ပြည်သူများသို့ သောက်သုံးရေ (၃၆၀၀)ဂါလန် ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကချင်ပြည်နယ်၊ ဆွမ်ပရာမြို့နယ်တွင် တိုက်ပွဲရှောင်မိသားစုများအတွက် ထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်၊ ဆွမ်ပရာမြို့နယ်၊ မလိယန်ကျေးရွာမှ တိုက်ပွဲရှောင်မိသားစု(၂၆) စုရှိ လူဦးရေ (၁၃၇) ဦး တို့သည် မြစ်ကြီးနားမြို့သို့ရောက်ရှှိခဲ့ပြီး ၄င်းတို့အား ငွေပျော်စံပြကျေးရွာတွင် နေရာချထား ပေးမည်ဖြစ်ရာ အဆိုပါမိသားစုများလတ်တလေအဆင်ပြေ စေရေးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုးပါ family kit (၂၆)စုံနှင့်ဆန်ရိက္ခာ (၃)ရက်စာထောက်ပံ့ငွေကျပ် (၁၂၃၃၀၀) အား(၂၀-၅-၂၀၁၆) ရက်နေ့ (၁၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ ထောက်ပ့ံပေးအပ်ခဲ့ပြီး ရေရှည် အတွက် အဆင်ပြေချောမွေ့စေရန် WFP အဖွဲ့အစည်းနှင့် ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရွာတွင် မီးဘေးထောက်ပံ့မှုသတင်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရွာ (၁၆-၅-၂၀၁၆)ရက်နေ့၌ဖြစ်ပွားခဲ့သော မီးဘေးတွင် အိမ်ခြေ (၂)အိမ်၊ အိမ်ထောင်စု (၅)စုပျက်စီးဆုံးရှုံးခဲ့မှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်နှင်‌့ အိမ်ဆောက်ပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ် (၂၁၀၈၀၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးရှိတာ၀န်ရှိသူများမှ (၁၈-၅-၂၀၁၆)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပါသည်။

Sign Up

Upcoming Events