လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် မေလ ၂၀ ရက်နေ့၊ နေ့လည်(၁၂၃၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အားThe Lutheran World Federation, LWF(Myanmar) မှ Regional Representative ဖြစ်သူ Mr. David H Mueller ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် The Lutheran World Federation, LWF (Myanmar) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များ နှင့်စပ်လျဥ်း၍ နားလည်မှုစာချွန်လွှာတွင် လုပ်ငန်းစီမံချက်များ တိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်များတွင်ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လုပ်ငန်း စီမံချက်များ တိုးချဲ့ေဆာင်ရွက်ရေးကိစ္စရပ်များ၊ ၂၀၁၅ခုနှစ်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း ဖြစ်ပွား ခဲ့သော ရေဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးနှင့် အသက်မွေးဝမ်းကေြာင်းဆိုင်ရာ လုပ်ငန်းများ၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဥ်များ၊ ရက်(၁၀၀)စီမံချက်အတွင်း ပြည်သူလူထုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိမည့် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဥ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေး ခဲ့ကြပါသည်။