Author Archives: RRD
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ခြင်းသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက် (၁၀၀) စီမံချက်အရ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွါးသင်တန်းကို မကွေးမြို့၊ အ.ထ.က (၁) သရဖီခန်းမတွင် သင်တန်းသား (၃၀) ဦးဖြင့် (၂၅.၅.၂၀၁၆) ရက်နေ့၊ နံနက် (၁ဝ:ဝ၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်ပြည်သူ ယခင်ကျန်အိမ်ထောင်စု (၈၁) စုနှင့် ထပ်တိုး (၁၆) စု၊ စုစုပေါင်း (၉၇) စုစာ အတွက် (၂၁၄၀၄၀၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး နှင့် ထပ်တိုးလူဦးရေ (၆ဝ) ဦးအတွက် ဆန် (၃) ရက်စာ (၅၄ဝဝဝ/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၂၅-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရှမ်းပြည်နယ်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် (၁၈-၅-၂၀၁၆) ရက်နေ့၌ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျအိမ် (၁) လုံး၊ အမိုးလန်အိမ် (၆၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၅၀၀၀၀/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၂၀-၅-၂၀၁၆) ရက်နေ့တွင် သွားရောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာ၊ နန်းသြဘုရားကြီးကျောင်းသို့ သောက်သုံးရေများလှူဒါန်းပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာ၊ နန်းသြဘုရားကြီးကျောင်းသို့သောက်သုံးရေဂါလံ(၆၀၀၀)အား (၂၅.၅.၂၀၁၆)ရက် နေ့တွင်သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပုဗ္ဗသီရိမြို့နယ် ၊ရွာသစ်ကျေးရွာတွင် မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ် ၊ရွာသစ်ကျေးရွာတွင် မီးဘေးသင့်အိမ်( ၂၁)အိမ်အတွက်အိမ်ဆောက် ပစ္စည်း နှင့်ဆန်ဖိုးရန်ပုံငွေ (၁၁၁၅၇၀၀/-)ကျပ်အား(၂၅.၅.၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဇေယျာသီရိမြို့နယ်၊ အောင်သာတဲကုန်းကျေးရွာ တွင် မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အောင်သာတဲကုန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စု( ၁)အိမ်ထောင်အတွက်အိမ်ဆောက် ပစ္စည်း နှင့်ဆန်ဖိုးရန်ပုံငွေ (၅၂၇၀၀/-)ကျပ်အား(၂၅.၅.၂၀၁၆)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်ပြည်သူ ယခင်ကျန်အိမ်ထောင်စု (၈၁) စုနှင့် ထပ်တိုး (၁၆) စု၊ စုစုပေါင်း (၉၇) စုစာ အတွက် (၂၁၄၀၄၀၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး နှင့် ထပ်တိုးလူဦးရေ (၆ဝ) ဦးအတွက် ဆန် (၃) ရက်စာ (၅၄ဝဝဝ/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၂၅-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာ၌ (၂၃-၅-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၂၁) စု လေဘေးသင့်ခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများအတွက် လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ လပွတ္တာခရိုင်ဦးစီးမှူးက (၂၅-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၌ “သဘာဝဘေးအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
(၂၅-၅-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၌ မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များအား ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း (၅-၅-၂၀၁၆) ရက်နေ့နှင့် (၉-၅-၂၀၁၆) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရက်ကျေးရွာအုပ်စုတွင် (၅-၅-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၆) လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၆၃) ဦး လေဘေးသင့်ခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄၇၇၀၀) ကိုလည်းကောင်း၊ အလားတူ ပန်းတောင်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ရက်ကွက် (၂) ခု၌ (၉-၅-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၉၇) လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၉၇) စုမှ လူဦးရေ (၃၆၆) … Read more
