ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရက်ကျေးရွာအုပ်စုတွင် (၅-၅-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၆) လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၆၃) ဦး လေဘေးသင့်ခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄၇၇၀၀) ကိုလည်းကောင်း၊ အလားတူ ပန်းတောင်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ရက်ကွက် (၂) ခု၌ (၉-၅-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၉၇) လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၉၇) စုမှ လူဦးရေ (၃၆၆) ဦး လေဘေးသင့်ခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၂၉၄၀၀) ကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးခဲ့ရာ ပန်းတောင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် စုစုပေါင်းထောက်ပံ့ငွေပေါင်း (၃၇၇၁၀၀) တိတိကို ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၅-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)