Author Archives: Aye Kyimann
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စုရှိ ရှေ့ဘက်ကမ်း ကျေးရွာ၊နောက်ဘက် ကမ်းရွာ၊ လှိုင်းတာကျေးရွာ၊ တပွတ်တနောင်ကျေးရွာနှင့် ဖိုးရာဝဲကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည်လည်ဟောပြောခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာဖြန့်ဝေခြင်းနှင့် ဘေး (၈)မျိုးလက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
School Cum Shelter စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မော်လိုက်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၂၆ ၈.၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် မော်လိုက်မြို့နယ်၊ ကင်းတပ်စံပြကျေးရွာ၊ (အ.မ.က) ကျောင်းဝင်းအတွင်း ထူးသန့်လွင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် School Cum Shelter တည်ဆောက်ရေးလုပ်ငန်းခွင်အား ကွင်းဆင်းကြည့်ရှု့စစ် ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dev #sgg_aug2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာ၌ (၂၅-၈-၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် နီးကပ်သည့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၄၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၉၀၃၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၉၀၃၀၀/-)ကျပ်အား (၂၆-၈-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) နေ့ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၊ သပြေသာကျေးရွာ၊ မြိုက်ကျေးရွာနှင့် အုတ်ရှစ်ကန်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါ ကူးစက်မှူ ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး နေအိမ်(၁၃)လုံး၊ အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၅၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၂၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ (၁၁၇၆၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၃၇၆၀၀/-)ကျပ်အား (၂၆-၈-၂၀၂၀)ရက်နေ့၊ (၁၁:၁၅)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2020 … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စု၊ (ပိုးစုကြီး၊ စပါးအိုး၊ အောင်ချမ်းသာ၊ ထိန်ပင်မြောက် (အထက်)ကျေးရွာတို့တွင် နံနက် (၁၁:၀၀)နာရီချိန်မှ (၁၃:၀၀)နာရီအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိ သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့်သဘာဝဘေး … Read more
-
သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေခေါင်းစဉ်ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဩဂုတ် ၂၅၊ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း အောင်မြင်စွာရေးဆွဲနိုင်ရေးအတွက် မဟာဗျူဟာ၏ လျာထားအခန်း(၆)ခန်းအနက် အခန်း(၅) ဖြစ်သည့် သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဆပ်ကော်မတီအတွင်းရေးမှူးဖြစ် သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက အစည်းအဝေးခေါ်ယူရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်၍ … Read more
-
မိုးသက်လေပြင်းကျရောက်ပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းကျရောက်ပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်၊ သီရိမြိုင်လမ်း၌ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၂)စုမှ လူဦးရေ (၁၇) ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၅၇၀၀/-) ကျပ်တိတိအား (၂၅-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း … Read more
-
Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၈.၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့် အတူပူးပေါင်း၍ လားရှိုးမြို့၊ နားမခေါ်ကားကွင်းနှင့် နန်းခိုက်ကျေးရွာတို့၌ Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel ဖြင့် လက်သန့်စင်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ နွားရေတိုက် ကျေးရွာအုပ်စု၊ နွားရေတိုက်ကျေးရွာ၊ ကုန်းစုကျေးရွာ၊ ငါးတဲစုကျေးရွာနှင့် ဒိုက်လျားကျေးရွာတို့တွင် Covid-19 ဒုတိယ လှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
