Covid – 19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဘုရားကျောင်းစခန်း (၄)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၃၄)စု၊ လူဦးရေ(၁၅၀၁)ဦးတို့အတွက်  COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန် (၅)မျိုးဝယ်ယူရန် ‌(၁)အိမ်ထောင်လျှင်(၄၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၃,၃၆၀,၀၀ဝိ/-)အား (၂၉-၈-၂၀၂၀)ရက်နေ့ (၁၆:၃၀)နာရီမှ (၁၇:၃၀)နာရီအချိန်ထိ KBC နှင့် RC ဘုရားကျောင်းစခန်းတို့၌ လည်းကောင်း၊ (၃၀-၈-၂၀၂၀)ရက်နေ့ (၀၈:၃၀)နာရီမှ (၀၉:၃၀)နာရီအချိန်ထိ AG နှင့် COC ဘုရားကျောင်းစခန်းတို့၌ လည်းကောင်းထောက်ပံ့ပေး အပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ar

#kcn_aug2020

Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events