Author Archives: Aye Kyimann

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကြောင့် ကူးစက်မှုများ မဖြစ်ပွားစေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ဝင်တိုးဂိတ်(ကိုးဆူဂိတ်)၌(၂၁-၉-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှ (၁၈:၀၀) နာရီအချိန်အထိ ယာဉ်များ အဝင်/အထွက် စစ်ဆေးခြင်းအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း အားဖြည့်ကူညီ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊  ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈/၁၉/၂၀-၉-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် ဖြစ်ပွားခဲ့သော‌ရေဘေးမှ‌‌ ရေဘေးသင့်အိမ်ထောင်စု (၁၅၆၉)စုအတွက် ဆပ်ပြာ(၁‌၅၆၉)တောင့်၊ လူဦးရေ (၇၁၉၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၁၀၇၄၀ဝ/-)ကျပ်၊ Mask (၁၄၃၈၈)ခုတို့အား (၂၁-၉-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကဝမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ ဆက်ဆံ‌‌ရေးဦးစီးဌာနနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊  ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ ဆီဆုံကုန်း ကျေးရွာအုပ်စု၊ ဘဲခြံကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၆၈၀၀/-) ကျပ်၊စုစုပေါင်း ထောက်ပံ့ငွေ (၆၆၈၀၀/-) ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့၊ (၁၄:၁၅) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပုလော မြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် ရေကြီး နစ်မြုပ်ခဲ့သော ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှ တောင်ဝိုင်းဘုန်းကြီးကျောင်းသို့ယာယီ ပြောင်းရွှေ့ထားသော ရေဘေးသင့် လူဦးရေ (၁၇)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံငေွ (၃၅၇၀၀)ကျပ်အား (၂၁.၉.၂၀၂၀)ရက်နေ့(၁၂:၃၀)အချိန်တွင် ထောက်ပံ့ ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_sep2020 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း

    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လဝကဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်ဝင်းစန္ဒာကြည်၊ မြိတ်ခရိုင်ဦးစီးမှူး၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၉-၉-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပုလော မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် သမုတ်တောင်ကျေးရွာတို့မှ ဘုန်းတော်ကြီးကျောင်းသို့ ယာယီ ပြောင်းရွှေ့ ထားသော ရေဘေးသင့်လူဦးရေ (၆၀၅) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁,၂၇၀,၅၀ဝ/-) ကျပ်အား  (၂၀-၉- ၂၀၂၀)ရက်နေ့ (၁၀:၃၀)ချိန်တွင်လည်းကောင်း ပုလောကုန်းကျေးရွာမှ ပုလောကုန်းဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ထား သော ရေဘေးသင့်လူဦးရေ … Read more

  • COVID-19 ကူးစက်ရောဂါ ဒုတိယကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊  ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၉.၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ နမ့်ခတ်ကျေးရွာ၊ ကယ်ဝှက်(၂)ကျေးရွာ၊ မိုင်းအင်းကျေးရွာ၊ အာခါဒေကျေးရွာနှင့် လွိုင်ကိုကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူ အကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များ ဖြင့် လှည့်လည် ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊  ဖရူဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၉.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ထီးကလူဒေါကျေးရွာ၊ ကဒါးလားကျေးရွာ၊ ထီးပေပါ်ဆိုကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာ၊ ထီးပေါ်ဆိုကျေးရွာ၊ ငွေတောငျကျေးရွာများရှိ ပြည်သူများ အား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_sep2020 Source:  ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊​ ပြန်လည်ထူ​ထောင်ရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ နောင်မွန် ကျေးရွာနှင့် ကောင်းသပြေကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေး အမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခဲ့ပြီး Mask နှင့် COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်း ကိုအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ COVID-19 ကာကွယ်ရေး … Read more

  • Covid-19 ရောဂါကူးစက်မှု မပြန့်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ မကြီးလဟာကျေးရွာအုပ်စု၊ မကြီးလဟာကျေးရွာ၊ တာနားစုကျေးရွာ၊ ညောင်ပင်စုကျေးရွာ၊ တာကျိုးကျေးရွာနှင့် ကြခတ်မြှောင် ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှု မပြန့်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝ​​ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_sep2020 Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင်(တ) ကျေးရွာ၌ (၁၇.၉.၂၀၂၀)ရက်နေ့​ တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် (၁၈,၈၃၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁)အိမ်ထောင်စာတို့ကို (၁၇.၉.၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် ညောင်ဦးမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​​ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်​ရေးမှူး​ရှေ့​မှောက်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mdy_sep2020 Source:  ညောင်ဦးခရိုင်ဦးစီးမှူးရုံး … Read more

Sign Up

Upcoming Events