လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ် မှုကြောင့် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု မှ ပြိုလဲနေအိမ် (၂)လုံး၊ အမိုးလန်နေအိမ် (၁၅)လုံး၊ သစ်ပင်ပိ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂)လုံးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ (၈၉၀၀၀/-)ကျပ်၊ လူဦးရေ (၇၂)ဦးအတွက် ဆန်ဘိုးထောက်ပံ့ငွေ (၁၅၁၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄၁၂၀၀/-) ကျပ်တို့အား (၁၀-၁၀-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_oct2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)