Author Archives: Aye Kyimann
-
Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၂.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် နောင်တရားမြို့နယ်ခွဲ၊ ဆည်ခေါင်းကျေးရွာနှင့် တီကျစ် ကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေး ခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ပဒါန်း ကျေးရွာ၊ မိုးကောင်းဦးကျေးရွာ၊ မန်ကျည်းပင်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID – 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းများကို သင်တန်းပေးခြင်းနှင့် အားပေးစကားပြော ကြားခြင်း အစီစဉ်တွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ပါ၀င်ဆွေးနွေးမှုသတင်း
၅-၁၂-၂၀၂၀၊ နေပြည်တော် COVID–19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းများကို ဆင့်ပွားသင်တန်းပေးခြင်းနှင့် အားပေး စကားပြောကြားခြင်းအစီစဉ်ကို Online စနစ်ဖြင့်ကျင်းပရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာ၀င်းမြတ်အေး၊ အမြဲတမ်းအတွင်း၀န်၊ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆရာ၀န်အသင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတို့မှ သင်တန်းဆရာ၊ ဆရာမများ၊ အမျိုးသား အဆင့်စေတနာ့၀န်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးအဖွဲ့၀င်များ၊ နေပြည်တော်ကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား စေတနာ့၀န်ထမ်း(၁၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စု၀န်ကြီးက အားပေးစကားပြောကြားရာတွင် COVID – 19 … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁၂.၂၀၂၀) ရက်နေ့တွင် ညောင်ရွှေမြို့နယ် ကျေးပေါခုံကျေးရွာအုပ်စု၊ ကျားတွန်ကျေးရွာ တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-) ကျပ် လူဦးရေ(၂၁)ဦး အတွက် ဆန်ရိက္ခာဖိုး (၇)စာထောက်ပံ့ငွေကျပ် (၄၄၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၄၄၁၀၀/-) ကျပ်နှင့် အိမ်ထေင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး (၄)အိမ်ထောင်စုစာအား(၄-၁၂-၂၀၂၀)ရက်နေ့တွင် မီးဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးခိုလှုံရာအဆောက်အဦ (Cyclone Shelter) တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၂.၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ညွှန်ကြားရေးမှူး၊ ဒေါ်၀င်းစန္ဒာကြည်သည် မြိတ်ခရိုင်ရုံးနှင့် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများနှင့်အတူ တနင်္သာရီမြို့နယ်၊ မြေမအုံ ကျေးရွာတွင် မြိတ်တော်၀င်ပုလဲကုမ္ပဏီမှ တင်ဒါအောင်မြင်တည်ဆောက်လျက်ရှိသော သဘာဝဘေးခိုလှုံရာအဆောက်အဦ (Cyclone Shelter) (၆၀ x ၆၀ x ၂၄)ပေ သံကူကွန်ကရစ်တစ်ထပ်တည်ဆောက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့ ခဲ့ပြီး စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အရည်အသွေးပြည့်မီစေရေးနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်း လိုအပ်ချက်များအား ကုမ္ပဏီတာ၀န်ရှိသူများအား လမ်းညွှန်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dev #tny_dec2020 … Read more
-
Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ညောင်ပင် စောက်ကျေးရွာ၊ ဒိုးပင်ကျေးရွာ၊ တောင်ကိုင်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းဖွင့်လှစ်ခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုသတင်း
ဒီဇင်ဘာ ၄ ၊ နေပြည်တော် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက Video Conferencing ဖြင့်ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းကို လိုအပ်ချက်အရ တိုးချဲ့ ဖွင့်လှစ်ခဲ့ပါကြောင်း၊ အခြေအနေအရပ်ရပ် ကြောင့် ပြစ်ဒဏ်ကျခံရမည့် ကလေးများနှင့်လူငယ်များကို ဥပဒေအရ လူငယ်သင်တန်းကျောင်း များတွင် ပြုပြင်၊ ပြုစု၊ ပျိုးထောင် ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို … Read more
-
ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၂.၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၄း၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀၊၁၁၊၁၂၊၁၃)နှင့် အောင်ဇေယျရပ်ကွက်၊ နယ်မြေ (၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀၊၁၁၊၁၂) များအတွင်းရှိ ပြည်သူများအား ထိရောက်စွာ အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁၁.၂၀၂၀) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပ်ထုံးကျေးရွာအုပ်စု၊ ဖတ်တန်းကျေးရွာ၊ ရွာမ ကျေးရွာနှင့် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ကုလားကျွန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၅၀၀၀၀ဝ/-)၊ လူဦးရေ (၂၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၄၄၁၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄၄၁၀၀/-) ကျပ်အား (၄.၁၂.၂၀၂၀)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2020 Source: … Read more
-
မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ ၂၀၂၀ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပမှုသတင်း
ဒီဇင်ဘာ ၃၊ ရန်ကုန် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၃)ရက် နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အခမ်းအနားကို Video Conferencing စနစ်ဖြင့် ယနေ့ နေ့လယ်(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သည့် COVID-19 အလွန်ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့” … Read more
