Author Archives: Aye Kyimann
-
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၆/၂၀၂၁)
(၂၀၂၁ ခုနှစ်၊ မေလ(၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ယာစ်(YAAS)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၂၉၅)မိုင်ခန့်၊ ပုသိမ်(Pathein)မြို့၏ အနောက်ဘက် ရေမိုင် (၃၂၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၅၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၉၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၄/၂၀၂၁)
၂၀၂၁ ခုနှစ်၊ မေလ(၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက် (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)” အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonicstrom) “ယာစ်(Yaas)” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၂၅၀)မိုင်ခန့်၊ ပုသိမ်(Pathein)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် … Read more
-
အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၃/၂၀၂၁)
(၂၀၂၁ ခုနှစ်၊ မေလ(၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ပုသိမ်(Pathein) မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ် (Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်- … Read more
-
မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ၏ မိသားစုထံသို့ ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၁) ရက်နေ့ (၀၈:၃၀)အချိန်ခန့်တွင် ညောင်တစ်ပင်စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ သဖြင့် မြေစာပုံပိ၍ လူ(၁) ဦးသေဆုံးခဲ့ရာ သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ် တိတိအား (၁၉-၅-၂၀၂၁) ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရွှေပြည်သာကျေးရွာ (နန်စီပွန်) ရပ်ကျေးစာရေးမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #sgg_may2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံမှုသတင်း
၂၀၂၁ ခုနှစ် ၊ မေလ ၁၈ ရက် နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်အား နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန်လက်ထက်မှစ၍ အဖွဲ့ဝင် ၁၅ ဦးဖြင့် … Read more
-
မြန်မာ-ထိုင်း ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးရေးဆွေးနွေးပွဲကျင်းပမှုသတင်း
၁၂.၅.၂၀၂၁ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသော မြန်မာ-ထိုင်း ရွှေ့ပြောင်း သွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာရေးထိုး နိုင်ရေးဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနှင့် ထိုင်း နှစ်နို်ငငံတို့အကြား ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ခြင်းသည် မြန်မာရွှေ့ပြောင်းကလေးများအတွက် များစွာအကျိုးရှိပါကြောင်း၊ … Read more
-
Early Childhood Intervention (ECI) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပခြင်း
နေပြည်တော်၊ မေလ ၁၀ ရက် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း (Early Childhood Intervention- ECI) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့၊နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက် … Read more
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်းများဆောင်ရွက်
ရန်ကုန် ၈-၅-၂၀၂၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် လေဘေး သင့်ပြည်သူများ အတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ၈-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဦးလှစိုး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ် … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၁) ရက်နေ့တွင် ရေဦးမြို့နယ်အတွင်း ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုတို့မှ ပြိုကျပျက်စီး လူနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ် ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝ/-)၊ အမိုးအကာပျက်စီး လူနေအိမ်(၈၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး (၂၄၄၅၀၀ဝ/-)နှင့် စုစုပေါင်းအိမ်ထောင်စု(၈၃)စုမှ လူဦးရေ (၃၄၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇၂၀၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၆၅၃၀ဝ/-)ကို (၆-၅-၂၀၂၁)ရက်နေ့တွင် မြို့နယ် ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စမတောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း
၉.၄.၂၀၂၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ ခု၊ ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို (၉.၄.၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာ၌ကျင်းပ ရာ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများက စမတောင်ပရဟိတဂေဟာ ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဉာဏိန္ဒအား ဖူးမြော်ကန်တော့ပြီး ဆရာတော်အားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် စမတောင် ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒ၏ ဩဝါဒများခံယူတည်ဆောက်ခဲ့ကြပါသည်။ … Read more
