Covid-19 ကူးစက်​ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးဆောင်ရွက်မှုသတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈ -၉-၂၀၂၁) ရက်နေ့၊ ညနေပိုင်းတွင် ကျိုင်းတုံ​မြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ နောင်ကုန် စံပြကျေးရွာ၊ အားခေ ကျေးရွာ၊ ​ဟိုခိုကျေးရွာ၊ ကျိုင်းလိတ်ကျေးရွာ၊ ဝမ်ကမ်ကျေးရွာနှင့် မိုင်းလတ်(အာခါ) ကျေးရွာတို့တွင် Covid – 19 ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှုပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော် ခြင်း၊ Covid – 19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_sep2021

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events