Author Archives: Aye Kyimann

  • ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အ-ထ-က၊ ပျဉ်ထောင်ကျောင်း၌ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၁-၉-၂၀၂၃) ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အ-ထ-က၊ ပျဉ်ထောင်ကျောင်း၌ ကျောင်းသား/ သူ(၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ပျက်ဆီးဆုံးရှုံးမှု လျော့နည်းစေရန် သဘာဝ ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များဆွေးနွေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်‌ဝေခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးထံသို့ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep_2023 Source:  ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ သဲကုန်းကျေးရွာ၊ အောက်သဲကုန်းကျေးရွာ၌ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၈.၈.၂၀၂၃)ရက်နေ့ (၀၆:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ သဲကုန်းကျေးရွာ၊  အောက်သဲကုန်း ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်တစ်စိတ်တစ်ပိုင်း (၁၂)လုံး၊ နေအိမ်ပြုကျပျက်စီး(၃)လုံး၊ စုစုပေါင်း အိမ်ခြေ(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စု၊ လူဦးရေကျား(၃၂)ဦး၊ မ(၃၃)ဦး၊ ပေါင်း (၆၅)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၆,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၃၆,၅၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more

  • ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၉)စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၂၃)ရက် နေ့၊(၁၀း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ဇမ္ဗူ သီရိမြို့နယ်၊ အ.ထ.က(၉)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ၊ အ.ထ.က (၁၀) စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၁၀၀)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာ စာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npt_aug_2023 Source: ပြည်ထောင်စုနယ်မြေ၊ … Read more

Sign Up

Upcoming Events