Author Archives: Aye Kyimann

  • မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာနေ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာတွင် (၁၃-၃-၂၀၁၇) ရက်နေ့၌ မီးဘေးသင့်မှုကြောင့် အိမ်ခြေ (၂)၊ အိမ်ထောင်စု (၂)၊ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၈၁၀၀ိ/-) ၊စုစုပေါင်း (၂၀၈၁၀၀ိ/-) အား (၁၄-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မြောင်းမြမြို့၊ ပြင်ရွာကျေးရွာအုပ်စု ပြင်ရွာကျေးရွာတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝ ဘေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၃၂၀၁၇) ရက်နေ့ မြောင်းမြမြို့၊ ပြင်ရွာကျေးရွာအုပ်စု ပြင်ရွာကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာ နေပြည်သူလူထု (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် တက်ရောက်လာသည့်ပြည်သူများအား ဦးစီးဌာန၏ လုပ်ဆောင်ချက်များရှင်းလင်းခြင်း၊ DAN Mobile Application Software ရှင်းလင်းခြင်း၊ သဘာဝဘေးနှင့်ပတ်သတ် သည့် ဆောင်ရန်ရှောင်ရန်များအား ဆွေးနွေးခြင်း၊ ဘေး (၈) မျိုး လက်ကမ်းစာစောင်များဝေဌခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ဘေး (၈) မျိုး ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု နောင်ဆာကချင်ရွာတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၇) ရက်နေ့ တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု နောင်ဆာကချင်ရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ တက် ရောက်သူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ များကပ်ပေးခြင်း၊ အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ရေးသား ကပ်ပေးခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်ဖြန့်ဝေပေး ခင်း၊လက်ကမ်းစာများဖြန့်ဝေပေးခြင်း၊ လေပြင်းဘေးနှင့်ပတ်သက်၍ပြည်သူသို့ ပန်ကြားချက်ဟောပြောခြင်း၊ DAN Mobile Application စတစ်ကာကပ်ပေးခြင်း၊ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကျိုုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ရခိုင်ပြည်နယ် DRR Working Group လစဉ်ပုံမှန်အစည်းအဝေး ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် DRR Working Group လစဉ်ပုံမှန်အစည်းအဝေးအား (၇-၃-၂၀၁၇) ရက်နေ့၊ (၁၅းဝ၀) နာရီမှ (၁၆း၃၀) နာရီထိ စစ်တွေခရိုင်ထွေအုပ် ခန်းမ၌  ပြုလုပ်ခဲ့ရာ ပြည်နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲ လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ် (၈) ဦးနှင့် UN ,INGOs  များမှ ကိုယ်စားလှယ် (၁၂) ဦး စုစုပေါင်း (၂၀) ဦး  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကော့သောင်းမြို့နယ်၊ မပုတေးကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ မပုတေးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို  (၆-၃-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ ပြည်သူလူထု စုစုပေါင်း (၁၀၁) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပိုစတာများအား တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events