Author Archives: Aye Kyimann

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇) ရက်နေ့တွင် ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်ပိုင်းတစ်စပျက်စီး ဆုံးရှုံးခဲ့သော ကွန်ကရစ်နေအိမ် တစ်လုံးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀/-) အား မြို့နယ်ထွေ/အုပ်ရုံး၌ (၃၁-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့၊ ညနေ (၃း၃၀) နာရီအချိန်၌ ဖြစ်ပွားသောလေဘေးကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာတွင် အမိုးလန်ပျက်စီး လူနေအိမ် (၄) လုံးအတွက် (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း  (၁၀၀၀၀၀/-) တို့အား ကျီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၃၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:      ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူ မြို့နယ်၊ ကလန့်တဲကျေးရွာ၌ နေအိမ် (၁) လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁) စုစာအတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (ပလတ်စတစ်ပုံးပါ)၊ ဆန်ရိက္ခာဖိုး (၆၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်တို့အား (၃၁-၅-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:      ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့၌ တိုက်ခတ်ခဲ့ သော MORA မုန်တိုင်းကြောင့် ကျောက်ဖြူမြို့နယ်၊ သဲတန်းအုပ်စု၊ တန်းခရိုးကျေးရွာတွင်   တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး နှင့် ဆန်ရိက္ခာဖိုး (၁၂၆၀၀/-) ကျပ် တို့အား (၃၁-၅-၁၇) နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:      ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မော်လိုက်ခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာ၊ ညောင်ဝန်းကျေးရွာနှင့် သရက်ပင်လယ်ချောင်ကျေးရွာ တို့၌ (၂၂-၅-၂၀၁၇) ရက်နေ့မှ (၂၆-၅-၂၀၁၇) ရက်နေ့ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ထောက်ပံ့ငွေ (၁၂၀၀၀၀/-) ကျပ်တို့အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးခန်းမ၌ (၃၁-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:      မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦး စီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မင်းပြားမြို့နယ်အတွင်းရှိ လုံးဝပျက်စီးအိမ်ထာင်စု (၅၂) အိမ်ထောင်စုစာ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား  မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၃၁-၅-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရှိ ကျေးရွာ (၃) ခု၌ (၂၉-၅-၂၀၁၇) ရက်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ ပြိုကျပျက်စီးလူနေအိမ် (၁၀) လုံး၊ အမိုးလန် ပျက်စီးလူနေအိမ် (၁၀) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀၀/-) ကျပ်၊ လူ (၅၁) ဦးအတွက် ဆန် (၇) ရက်စာ (၁၀၇၁၀၀/-) ကျပ် စုစုပေါင်း (၈၂၇၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၂) အိမ်ထောင်စုနှင့် ပစ္စည်း … Read more

  • မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ မောင်ငယ်ကျေးရွာ အုပ်စု၊ ဥက္ကံကျေးရွာတွင် (၂၁-၅-၂၀၁၇) ရက်နေ့က မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ ကျင်းပသော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ကြေးပေး အပ်ပွဲ အခမ်းအနား၌ သေဆုံးသူ၏ မိသားစုထံ (၃၁-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၌ ဦးစီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ လေပြင်းဘေးသတိပေးချက်နှင့် မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ဘေး (၈) မျိုးအကြောင်းများ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်သူများမှာ (၁၀၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source:   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ဆိုင်ကလုန်းမုန်တိုင်းသတင်း (၂၀၁၇ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန် ထုတ်ပြန်ချက်)

    ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၃)၊၂၀၁၇ ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ   (က) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယနေ့နေ့လည်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”(Mora)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါ သည်။ (ခ) ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Mora) အတွက်ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။

Sign Up

Upcoming Events