Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြာပွဲပြုလုပ် ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီး ဌာနနှင့် ပူးပေါင်း၍ (၆-၆-၂၀၁၇) ရက်နေ့၊ (၁၃း၀၀) အချိန်တွင် လပွတ္တာမြို့၊ အမှတ် (၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူ (၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပြီး နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ ဇွန်လ (၅) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ မွန်းလွဲ(၁း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network ) အဖွဲ့အစည်းမှ  ဒါရိုက်တာ ဒေါ်မေစပယ်ဖြူနှင့် ကွန်ရက်၏ ဦးဆောင်ကော်မတီဝင်များမှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးနှင့် ပတ်သက်၍လုပ်ဆောင်ပြီးစီးမှုများကို အစီရင်ခံ တင်ပြခဲ့ပြီး ရှေ့ဆက် လုပ်ကိုင်ရန် ရည်မှန်းထားသည်များနှင့် ပတ်သက်၍ လမ်းညွှန်မှှုတောင်းခံခဲ့ပါသည်။ ဆွေးနွေးတင်ပြသည့် အကြောင်းအရာ … Read more

  • သဘာဝဘေးလျော့ပါးရေး နည်းပြသင်တန်းဖွင့်လှစ်ခြင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် SEEDS ASIA အဖွဲ့နှင့် ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးနည်းပြသင်တန်း TOT ကို (၅-၆-၂၀၁၇) ရက်နေ့၌ ဘိုကလေးမြို့အထက (၁) တွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၃၅) ဦးကို ကနဦးလေ့ကျင့်သင်ကြားပေးပြီး ကျောင်းသူ၊ သားများအား လက်ဆင့်ကမ်းပြန်လည်ပို့ချဆွေးနွေးနိုင်စေရန်၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုအားကောင်းလာစေရန်အတွက် အလေးထားဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့၌ ဟင်္သာတ ခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စု၊ ခုံကြီးကျေးရွာတွင် မိုးကြိုးလျှပ်စီးထိမှန်၍ လူ (၁) ဦးသေဆုံးခဲ့ရာ  အဆိုပါ သေဆုံးသူအတွက် လေးမျက်နှာ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ရန်ပုံငွေ (၃၀၀၀၀၀/-) ကျပ်အား (၂၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက် (၁) ခု၊ ကျေးရွာ (၂) ရွာမှ လုံးဝပျက်စီးသွားသော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၄) စုစာအား (၂-၆-၂၀၁၇) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၇) ရက်နေ့၌ ဘိုကလေး မြို့နယ် အတွင်းရှိ ကွင်းဘုန်းကြီးကျေးရွာအုပ်စု ဗန္ဓုလကျေးရွာနှင့် ကျီစု ကျုံဖားကျေးရွာအုပ်စု ကျီစုကွင်းပေါက်ကျေးရွာများတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့်  ဘေးသင့်ခဲ့သော အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၀၀၀၀/-) ကျပ် နှင့် လူဦးရေ  (၁၁) ဦးအတွက် ဆန်ဖိုးငွေ (၂၃၁၀၀/-) ကျပ်တို့အား (၁-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့၌ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေဂွကြီးကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီး အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၅) ပုံးနှင့် အမိုးလန်အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၄) မျိုးပါ (၁၅) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၆၀၀၀/-) ကျပ်နှင့် လေဘေးသင့်ပြည်သူ (၈၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၇၂၂၀၀/-) ကျပ်၊ စုစုပေါင်း … Read more

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ရွာအရှေ့(တဲတိုက်)၊ ဗိုလ်တဲ(တဲတိုက်)၊ ရွာအရှေ့ပိုင်းအိမ်ခြေ (၅၀၀)၊ အိမ်ထောင်စု (၅၂၀)၊ လူဦးရေ (၂၁၀၀) ဦးတို့အား သောက်သုံးရေ ဂါလံ (၆၄၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇) ရက်နေ့တွင် ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သစ်အယ်တောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်၍ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေ/အုပ်မှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:      ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events