Author Archives: Aye Kyimann

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့၊(၁၀း၀၀)အချိန် တွင် လှိုင်းဘ့ွဲမြို့နယ်၊ သပုထိုကျေးရွာ ၌ ကျေးရွာပြည်သူလူထု (၁၅၀)ဦးအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန် များ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ဗွီနိုင်းပိုစတာများနှင့် ရေသန့်ဆေး ထုပ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၈)ရက်နေ့တွင်  လှိုင်းဘွဲ့ မြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စု လူဦးရေ(၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ family kit (၁)စုံနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉၀၀/-)ကျပ် စုစုပေါင်းကျပ် (၁၁၈၉၀၀/-)ကျပ်တို့အား (၂၁-၃-၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကျေးရွာများတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အိုးအိမ်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေးဂွကြီးကျေးရွာနှင့် ဘင်္ဂလားလေးကျေးရွာတို့၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြု ပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာဆောင်နှင့် နံရံကပ်ပိုစတာဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၌ (၁၀-၃-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့်  နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် Unicef family Kit (၂၆)မျိုးပါ (၁)ပုံး (၈၂၀၀၀/-)ကျပ်၊ ပလတ်စတစ်ပုံး(၁)ပုံး (၆၁၅၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၄၀၀/-)ကျပ်တို့အား (၁၂-၃-၂၀၁၈)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည်      (၁၂-၃-၂၀၁၈)ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ကူကျွန်း-လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံ ကျွန်းကျေးရွာ၌ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လူနေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုများကို စစ်ဆေး၍ အိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ပေးအပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ပုညမုဒိတာ (ကျန်းမာရေး စောင့်ရှောက်မှှုနှင့် သွေးလှူအသင်း)၊ ထန်းစေတနာ (သွေးလှူအသင်း အမှတ်-၁၄)၊ ကျေးရွာနေ ပြည်သူများနှင့်အတူ … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈)ရက်နေ့တွင် ပုသိမ် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀)ဦးခန့်အား သဘာဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ် ပြီး  ဦးစီးဌာနမှ ရေသန့်ဆေးထုပ်များ၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများအားဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:       ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ ကျွဲတဲရွာမကျေးရွာ၌ (၅-၃-၂၀၁၈) ရက်နေ့တွင် ယခင်မိုးကြိုး ပစ်ထားသည့် မကျီးပင်ကိုင်းခြောက်ကျိုးကျခဲ့ရာမှ ပျက်စီးသွားသော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စုု(၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး တို့အား ကျွဲတဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ (၈-၃-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဒဏ်ရာရရှိသည့် လူနာတစ်ဦးအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈) ရက်နေ့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၊ အောင်ဇေယျာရပ်ကွက် မိုင်းထိဒဏ်ရာရှိသူ (၁) ဦးအတွက် (၅၀၀၀၀/-)ကျပ်တိတိအား မြို့နယ်အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနမှ တဆင့်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အောင်မြင်စွာဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၈)ရက်နေ့တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မြို့နယ်ဦးစီးမှူးရုံးအား မြို့နယ်အုပ်ချုပ်ရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ မြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေပတ်ဖျန်းပြီး အောင်မြင်စွာဖွင့်လှစ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events