Author Archives: Aye Kyimann
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၁၈)ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၇)ရွာတို့တွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ နေအိမ်(၂၀)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂၀)လုံး၊ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၁၀၀)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၀၀)ဦး အတွက်ဆန်ရိက္ခာဖိုး (၇)ရက်စာ ၂၁၀၀၀၀ိ/-၊ နေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၄၀၀၀၀၀ိ/-၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုး ၅၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၆၆၀၀၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၀)အိမ်ထောင်စာတို့ကို (၉.၅.၂၀၁၈)ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်မှု သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် SDC အဖွဲ့တို့ ပူးပေါင်း၍ (၉.၅.၂၀၁၈) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်မှုသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားအား မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ပြီး လေ့ကျင့်ခန်းကာလ မှာ(၉.၅.၂၀၁၈)ရက်နေ့မှ(၁၁.၅.၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #simex_str #mon_may2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
စလင်းမြို့နယ် လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၁၄) ရွာတို့တွင် (၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၃၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၈၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်း အတွက် ကျောင်းဆောက်အလှူငွေ (၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၃၄) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၈၁,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၁၁,၄၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ … Read more
-
ရေနံချောင်းမြို့နယ် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၂)ရွာတို့တွင် (၇-၅-၂၀၁၈)ရက်နေ့နှင့် (၈-၅-၂၀၁၈)ရက်နေ့ထိ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၄၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၉၆,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၉၆,၆၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၁၂)စုစာတို့အား (၉-၅-၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_may2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့နယ်၊ မူသာကုန်းကျေးရွာ (၄.၅.၂၀၁၈)ရက် နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၉၀၀၀ဝိ/-)ကျပ်အား (၈.၅.၂၀၁၈)ရက်နေ့တွင် ရေဦးမြို့နယ်မူသာကုန်းကျေးရွာသို့ ရေဦးမြို့နယ်အုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2018 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၈.၅.၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ ကျောင်းအုပ်စုအဆင့် (G-2) သင်ရိုးသစ်သင်တန်းမှ ဆရာ/ဆရာမ စုစုပေါင်း (၅၀၀) ကျော်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ကွင်းကြီးဒေါင့်အုပ်စုအတွင်းရှိ ဂွေးကုန်းကျေးရွာနှင့် ပန်းညိုကွင်းကျေးရွာတို့တွင် (၂၈.၄.၂၀၁၈)နေ့၌ လေဘေးဖြစ်ပွားမှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော အိမ်ခြေအမိုး လန်ပျက်စီး(၃)လုံး၊ အိ်မ်ထောင်စု(၃)စု၊ လူဦးရေ (၁၁)ဦးအတွက် (၅၅၅၃၀)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၃)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃၁၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၇၃၁၀၀) ကျပ်တို့ကိုလည်းကောင်း (၅-၅-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_sgw #ayy_apr2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ကွမ်းတောအုပ်စုအတွင်းရှိ အလယ်ကုန်းကျေးရွာတွင်(၂၈.၄.၂၀၁၈)နေ့၌ လေဘေးဖြစ်ပွားမှုကြောင့် လေဘေးဒဏ်ခံစား ခဲ့ရသော အိမ်ခြေပြိုကျပျက်စီး(၁)လုံး(ဝါးအိမ်)၊ အိ်မ်ထောင်စု(၁)စု၊ လူဦးရေ (၁)ဦးအတွက် (၃၇၃၅၃)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၁) အိမ်ထောင်စာကိုလည်းကောင်း၊ ၊အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ(၁၀၂၁၀၀)ကျပ်တို့ကို လည်းကောင်း (၅-၅-၂၀၁၈)ရက်နေ့တွင် ဘေးဖြစ်ပွားသည့်နေရာ သို့ ကွင်းဆင်းကာ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_apr2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက် တောရပ်ကွက် ၊ သာစီကုန်းအုပ်စုတွင် (၂၇.၄.၂၀၁၈) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန် နေအိမ်(၁၂)လုံး အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၂၀၀၀)ကျပ် ၊ ပြိုလဲနေအိမ် (၁)လုံးအတွက် ထောက်ပံံ့ငွေ (၁၀၀၀၀၀/-)ကျပ် ၊ လူဦးရေ (၃)ဦးအတွက် ဆန်ဖိုးငွေ (၆၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပလပ်စတစ်ပုံး အပါ (၁)ပုံးနှင့် စုစုပေါင်းထောက်ပံ့ငွေ (၈၀၈၃၀၀/-)ကျပ်အားလည်းကောင်း၊ ကျေးရွာအုပ်စု (၅)စု ကျေးရွာ (၆)ရွာတွင် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၅.၂၀၁၈)ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးကျေးရွာအုပ်စု၊ ကျေးစာဥကျေးရွာ၌ (၁၃း၃၀)နာရီချိန်မှ (၁၄း၃၀)ချိန်ထိ ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၅၀)ဦးရေခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗီနိုင်းပိုစတာများဖြန့်ဝေပေးခြင်းနှင့် ပေါင်မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #npw_ar #mgy_may2018
