Author Archives: Aye Kyimann

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  အင်္ဂပူမြို့နယ်တွင် (၁၁.၅.၂၀၁၈)နေ့၌ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာခွဲ(၂၀) ရွာတွင် ဖြစ်ပွားခဲ့သောလေဘေး၊ (၁၂.၅.၂၀၁၈)နေ့၌ ကျေးရွာအုပ်စု(၂၄)စု၊ ရပ်ကွက်(၄)ခု တွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၄.၅.၂၀၁၈)နေ့၌ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုနှင့် ကျွဲသောင်အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၇.၅.၂၀၁၈)နေ့၌ ကြမ်းတမ်းကွင်းကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၈.၅.၂၀၁၈)နေ့၌ သပြေကုန်းကျေးရွာအုပ်စုနှင့် ကြခတ်ကွင်းကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးတို့ကြောင့် လေဘေး ဒဏ်ခံ စားခဲ့ရသော ပြိုလဲအိမ်ခြေ(၈၃)လုံးမှ (၈၃)အိမ်ထောင်စာအတွက် (၂၆၈၅၂၉၉ိ/-)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးကို … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့့်ခန်းဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၃.၅.၂၀၁၈)နေ့၊ (၀၉း၀၀)နာရီချိန်မှ (၁၄း၀၀)နာရီချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အထက်တန်းကျောင်းတွင် Grade-2 သင်ရိုးသစ်မွမ်းမံသင်တန်း၌ “ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့့်ခန်း” အား   ပြုလုပ်ကျင်းပခဲ့ရာ ရွှေတောင်မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေး မှူး၊ သင်တန်းကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမအင်အား (၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် ယင်းတက်ရောက်လာသူ ဆရာ/ ဆရာမများမှ ကျန်သင်တန်းသား/သူများအား ဆင့့်ပွားပြန်လည်ပို့ချသွားမည်ဖြစ်ပြီး ငလျင်အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ေ၀ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #ayy_may2018 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ တယ်ပင်ဆိပ်‌‌ကျေးရွာအုပ်စု၊ ဖိုးဦးစံ‌ကျေးရွာ‌နေ မချစ်ပုံ၊ အသက်(၉)နှစ်၊ သုံးတန်‌း‌ကျောင်‌းသူသည် (၁၉-၅-၂၀၁၈)ရက်‌‌နေ့(၁ရး၀၀)နာရီအချိန်တွင်‌် ကျူရှင်မှ အပြန်အိမ်‌‌ရှေ့ ၌ ရေချိုး‌နေစဉ် မိုးကြိုးထိမှန်‌‌သေဆုံးခဲ့ခြင်‌းအတွက် ထောက်ပံ့‌ငွေ(၃)သိန်းကျပ်တိတိအား (၂၂-၅-၂၀၁၈)ရက်‌‌နေ့တွင် အမာမြို့အုပ်ချုပ်‌‌ရေးမှူး မှတစ်ဆင်‌့ လွှဲ‌ပြောင်‌း‌ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #ayy_may2018 Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၂.၅.၂၀၁၈)ရက်နေ့ နံနက်ပိုင်း(၁၁း၀၀)နာရီမှ (၁၂)နာရီထိ ကျွန်းစုမြို့နယ်၊ အထက ကျွန်းစုကျောင်းနှင့် နေ့လည်(၁း၀၀)နာရီမှ (၂း၀၀)နာရီထိ အထက ကတ္တလူကျောင်းတို့တွင် ဖွင့်လှစ် သည့် GRATE-2 ဆရာ/ဆရာမများမွမ်းမံသင်တန်း၌ ငလျင်ဘေးအသိပညာပေးခြင်း၊ လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းနှင့် သင်တန်း ကြီးကြပ်ရေးမှူးနည်းပြများနှင့် ဆရာ/ဆရာမအင်အား (၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဘောပင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #tny_may2018 Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဆူနာမီဇာတ်တိုက်လေ့ကျင့့်ခန်းဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် SEED ASIA နှင်‌့ ပညာ‌ရေးဝန်‌ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်‌ရာစီမံခန်‌့ခွဲမှုဦးစီးဌာနတို့ ပူး‌ပေါင်‌း၍ (၂၃-၅-၂၀၁၈) ရက်နေ့တွင် ဘိုက‌လေးမြို့နယ်၊ ကျွန်‌းညိုကြီး‌ကျေးရွာအုပ်‌စု၊ အထက ကွမ်‌းသီး ချောင်‌း‌ကျေးရွာ၌ ကျောင်‌းတွင်‌းဆူနာမီဇာတ်‌တိုက်‌‌လေ့ကျင်‌့ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ဌာ‌နေကိုယ်‌စားလှယ်‌များ၊ SEED ASIA မှ တာဝန်ရှိ သူများ၊ ကျောင်‌းအုပ်‌ကြီးနှင်‌့ ဆရာမများ၊ ရပ်‌မိရပ်‌ဖများ၊ ကျောင်‌းသား၊ ကျောင်‌းသူများ (၁၅၀)ဦးဖြင့် ဇာတ်တိုက်လေ့ကျင့်မှုအား ဆောင်ရွက် ခဲ့ဲကြပြီး Seed asia အ‌နေဖြင်‌့ အာရှနှင်‌့ပိစိဖိတ်‌‌ဒေသတွင်‌း ဆူနာမီ‌များဆိုင်‌ရာ ကျောင်‌းတွင်‌းကြိုတင်‌ပြင်‌ဆင်မှု … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၁၈) ရက်နေ့၊ ညနေပိုင်းတွင် ရေဖြူမြို့၊ အ.ထ.က၌ ဖွင့်လှစ်နေသည့် GRATE-2 မွမ်းမံသင်တန်းတက်ရောက်နေသော ကျောင်းဆရာ၊ ဆရာမ အင်အား (၆၀၀) ကျော်အား (၂) ချိန်ခွဲ၍ ငလျင်ဘေးအသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဘောပင်များဝေငှပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar_eqk #tny_may2018 Source:  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကော့သောင့်ခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) နာရီအချိန်၌ အခြေခံပညာဦးစီးဌာန၊ ကော့သောင်းမြို့၊ အထက (၁) အောင်သုခတွင် grade-2 သင်ရိုးသစ်သင်တန်း၌ ကျောင်းဆရာ၊ ဆရာမ များ (၅၅၆) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဘေး (၈) မျိုးလက်ကမ်းစာစောင် (၁၀၀) စီဝေငှပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar_eqk #tny_may2018 Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရပ်ကျေးအုပ်ချုပ်ရေးမှူး စွမ်းဆောင်ရည်မြှင့်တင်ရေး (၁/၂၀၁၈) သင်တန်းကျင်းပမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၈)ရက်နေ့တွင် (၁၄း၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ မြို့နယ်ထွေ/အုပ် ပဉ္စူသကခန်းမ၌ မြို့နယ်ထွေ/အုပ်မှ ဖွင့်လှစ်သော ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၁၈)၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဘာသာရပ်တစ်ခုအနေဖြင့် သင်ခန်းစာပို့ချပေးခဲ့ရာ သင်တန်းသား (၅၄)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2018 Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံုး တာဝန်ရှိသူများသည် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၏ခရီးစဉ်တွင်  တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာမှ နန်းကွေ့ ကဘူတမ်းကျေးရွာအုပ်စု ခရစ်ယာန်ဘုရားကျောင်း၌ ခေတ္တခဏနေရပ်တိမ်းရှောင်ပြောင်းရွှေ့လာသော တိုက်ပွဲရှာင်ပြည်သူ အိမ်ထောင်စု (၂၁)စု လူဦးရေ (၅၀)ဦးတို့အတွက်   ကယ်ဆယ်ရေးပစ္စည်း (၃၂)မျိုး ပါ Relief Kit (၂၁)ဖာ စုစုပေါင်းတန်ဖိုး (၁၅၇၃၂၀၀ိ/-)ကျပ်တိတိအား (၂၁-၅-၂၀၁၈)ရက်နေ့တွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ လူမှုရေးဝန်ကြီးနှင့်အတူတာဝန်ရှိသူများမှ လိုက်ပါလျက် အောင်မြင်သာကျေးရွာအုပ်စု တန်ဖဲဘုရားကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် လူမှုရေးဝန်ကြီးနှင့် ပညာရးမှူးတို့မှ … Read more

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ လက်ပံပင်ကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာ၌ (၂၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ(၂၆)ဦးအတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၃)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၅၄၆၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၅၄၆၀၀ိ/-)ကျပ်တို့အား (၂၂.၅.၂၀၁၈)ရက်နေ့ (၀၉း၂၀)နာရီအချိန်တွင် လေဘေးသင့့်ပြည်သူများ၏ လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2018 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events