Author Archives: Aye Kyimann

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လက်ပတောကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့၌ (၁၆.၉.၂၀၁၈)ရက်နေ့ လေဘေးသင့် ပြိုလဲ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက် ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁) အိမ်ထောင်စာ၊ လူ(၅)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၁၀၅၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၄)လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ (၃၃၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၀၅၀၀/-)ကျပ်တို့အား (၂၄.၉.၂၀၁၈)ရက်နေ့တွင် အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA (Myanmar)လူမှုဖွံ့ဖြိုးရေး၊ ကူညီရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၃-၉-၂၀၁၈)ရက်နေ့တွင်(၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ စီမံချက်ကျေးရွာဖြစ်သည့် မတူပီမြို့နယ်၊ ရမ်းစီးကျေးရွာ၌ ကျေးရွာနေပြည်သူ(၄၀)ဦးအား ဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အသိပညာ ပေးဟောပြောပွဲကျင်း ပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2018 Source:   ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး‌ဆွေး‌နွေး‌ဟော‌ပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌းနှင်‌့ ပူး‌ပေါင်‌း၍ စက်တင်ဘာလ(၂၁)ရက် နေ့လယ် (၁၂း၃၀)နာရီမှ (၁၄း၃၀)နာရီအထိ ဖျာပုံမြို့နယ်၊ ဇင်‌း‌ဘောင်‌‌ကျေးရွာအုပ်စုငှက်က‌လေးကွင်‌း (၂)မူလတန်း‌ကျောင်‌းရှိ ကျောင်‌းသား/‌ကျောင်‌းသူ၊ ဆရာ/ဆရာမ(၄၀)ဦး အား ကျောင်‌းတွင်‌းအ‌ခြေပြု သဘာဝ‌ဘေး‌လျော့ပါး‌ရေး ဆွေး‌နွေး‌ဟော‌ပြောခဲ့ပြီး က‌လေးသူငယ်အခွင်‌့အ‌ရေးများနှင့် ပတ်သက်သည့် လူမှုဖွံ့ဖြိုး တိုးတက်‌‌ရေးအသင်‌းမှ တာဝန်ရှိသူတစ်ဦးမှ ဟော‌ပြော‌ဆွေး‌နွေးခဲ့ပြီး ဖျာပုံခရိုင်‌‌ဘေးစီမံမှ တာဝန်ရှိသူတစ်ဦးမှ ဖျာပုံခရိုင်အတွင်‌း ဘေးဖြစ်နိုင် ခြေအများဆုံးအမျိုးအစားဖြစ်သည်‌့ မုန်တိုင်‌း‌ဘေး၊ ဆူနာမီ‌ဘေး၊ ရေ‌ဘေး၊ မိုးကြိုး‌‌ဘေးတို့နှင်‌့ သက်ဆိုင်သည့် ရှောင်ရန်‌ဆောင်ရန်အချက်များ၊ ယင်း‌ဘေးဖြစ်လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန်အချက်တို့ကိုလက်‌‌တွေ့သရုပ်‌ပြခြင်‌းများဆောင်ရွက်ခဲ့ပြီး  လက်ကမ်‌းစာ‌စောင်နှင်‌့ … Read more

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်း (၄/၂၀၁၈)သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၀.၉.၂၀၁၈)ရက်နေ့ (၁၅း၃၀)အချိန်တွင် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း (၄/၂၀၁၈) သင်တန်းဆင်းပွဲကျင်းပ ခဲ့ပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်ထောက်ကူပစ္စည်းများဖြစ်သော Hand speaker (၃)လုံး၊ ရေဒီယို (၃)လုံးစီအားမဲဖောက်ပေးခဲ့ပြီး တစ်ဦး ချင်းသို့ ကျောပိုးအိတ်(၁)လုံး၊ မိုးကာအက(၁)ထည်၊ ရှပ် အင်္ကျီ (၁)ထည်၊ ဦးထုပ် (၁)လုံး၊ ဓာတ်မီး(၁)လုံးနှင့် စာရေးကရိယာများအား တိုင်း ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ သင်တန်းသားများသို့ပေးအပ်ခဲ့ကြောင်း … Read more

  • အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၈

    (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၈ အားကောင်းသောမုန်တိုင်းငယ်အခြေအနေ ============================== (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အား ကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အိန္ဒိယနိုင်ငံ၊ ပူရီ(Puri) မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၈၀)ခန့်၊ ဂိုလ်ပါပူ(Gopalpur)မြို့၏ အရှေ့ တောင်ဘက် မိုင်(၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၉.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျးရွာအုပ်စု၊ ဟိုဝမ် ကျေးရွာလေဘေးတွင် (၁)အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀/-)ကျပ်ကို (၁၉.၉.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_sep2018 Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်၌ ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု(၁၀၀)ဦးဖြင့်လည်းကောင်း၊ (၁၃း၀၀)နာရီအချိန်၌ ပုသိမ်မြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာတွင် ပြည်သူလူထု (၇၀)ဦးဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်နှင့် ဗွီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2018 Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက် (က) ယနေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာ့ကမ်းရိုး တန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပါသည်။ (ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီ အတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ သတိပေးနှိုးဆော်ချက် အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ … Read more

  • သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၉.၂၀၁၈)ရက်နေ့ နံနက် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီထိ တာချီလိတ်မြို့နယ်၊ အ-လ-က ရန်အောင်မြေကျောင်း တွင်  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဗီနိုင်းပိုစတာများပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events