Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၈)ရက်နေ့ (၁၀း၀၀)အချိန်မှ(၁၁း၃၀)အချိန်ထိ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးမူလွန် ကျောင်း၌ ကျောင်းသား/သူ အင်အား(၂၅) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ များဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #chn_dec2018 Source:   ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး၊ ဦးသန့်ဇော်မောင်နှင့် ဒုတိယဦးစီးမှူး၊ ဒေါ်လဲ့ယဉ်ဝင်းတို့သည် (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် ဗန်းမောက်မြို့နယ်၊ ကံကျေးရွာ အုပ်စု၊ အလယ်ရွာ၌ ရွာသူ၊ ရွာသား (၁၀၀)ဦး အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဆပ်ပြာခဲများနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:   ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်းနှင့် ဂုဏ်ပြုခြင်းများဆောင်ရွက်မှု သတင်း

    ဒီဇင်ဘာ ၂၀၊ နေပြည်တော် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာမိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားနှင့် အမျိုးသား အဆင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသောအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း နှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (ECCDG Working Group) အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များအား ပြုစုပျိုးထောင်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို … Read more

  • ဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၁၈)သင်တန်းသား၊ သင်တန်းသူများ ကွင်းဆင်းဆောင်ရွက် မှုသတင်း

    လူူူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ ဦးဆောင်ဖွင့်လှစ်ခဲ့သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၁၈)သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့နှင့်အတူ (၂၀-၁၂-၂၀၁၈)ရက်နေ့တွင် သာဝတ္ထိကျေးရွာအုပ်စု၊ ကြံခင်း၊ ကွက်သစ်၊ စက်ရုံစုကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်မှု များပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2018 Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • Church World Sevrices Myanmar (CWS) အဖွဲ့အစည်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဗီနိုင်းပိုစတာစိုက်ထူပေးမှု သတင်း

    လူူူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Church World Services Myanmar(CWS) ဝန်ထမ်းများသည် (၂၀.၁၂.၂၀၁၈)ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ကိုးအိမ်တန်း အနောက်ကျးရွာတွင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိရပါသည်။ #ar #ayy_dec2018 Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်တာဝန်ရှိသူများသည် (၂၁.၁၂.၂၀၁၈)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် မင်းကင်းမြို့၊ အ.ထ.က အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် ငလျင်နံရံကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:   ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ (၂၀.၁၂.၂၀၁၈)ရက်နေ့၊ (၁၂း၀၀)နာရီမှ (၀၁း၃၀)နာရီအထိ မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၊ ကိုးရှင်းကျွန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ရွာသူရွာသား(၇၀)ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲြ့ပီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဒေါ်သန်းသန်းဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ (၁၉.၁၂.၂၀၁၈)ရက်နေ့၊ (၀၁း၃၀)နာရီမှ (၀၂း၄၅)နာရီအထိ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ရွာသူရွာသား(၇၀)ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲြ့ပီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ (၁၈-၁၂-၂၀၁၈)ရက်နေ့မှ (၁၉-၁၂-၂၀၁၈)ရက်နေ့အထိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာ အုပ်စု၊ ဘောမိကျေးရွာ၌ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးလှမြင့်(ဦးစီးအရာရှိ)၊ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်း မင်းဦး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ ဦးထွန်းထွန်းဝင်း၊ နယ်မြေခံတပ်ခွဲမှ တပ်ခွဲမှူးနှင့် စစ်သည်များ၊ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘောမိကျေးရွာမှ ရပ်မိရပ်ဖများ၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) မွန်းလွဲ (၁၄း၀၀)နာရီမှ (၁၅း၃၀)နာရီအချိန်ထိ ယင်းမာပင် ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာရှိ ကျေးရွာသူ/ရွာသားများနှင့် ကျောင်းသား/ကျောင်း သူများ စုစုပေါင်း (၂၀၀)ဦးတို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေး ခဲ့ပြီး တက်ရောက်လာကြသူများအား လက်ကမ်း စာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:   ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events