Author Archives: Aye Kyimann
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၆.၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော သရက် မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊ ဝက်သားစားကျေးရွာနေ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ (၂၂၃)ဦးအတွက် သောက်သုံးရေဂါလံ(၆၀၀၀)ကို ရေသယ် ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုက်စု၊ မော်ဟန်ကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းသို့ မရူဖတ်ကာကျေးရွာမှ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၂)စု လူဦးရေ (၂၂၄)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၁၂၂)စုစာနှင့် လူဦးရေ (၂၂၄)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဘိုး (၄၇၀,၄၀ဝ/-) စုစုပေါင်း ထောက်ပံ့မှု (၁၉,၉၆,၆၂ဝ/-)ကျပ်တို့ကို (၂၀-၆-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr … Read more
-
ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ (၁၇.၆.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဒေါဖျာကျေးရွာ ဦးအေးစိန်နေအိမ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၀,၀၀၀/-)နှင့် လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်း (၂၁၄,၇၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးတို့ကို (၂၀.၆.၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_jun2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး … Read more
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇရစ်ရပ်ကွက် အ.မ.က.ဇရစ်၌ လူဦးရေ (၂၀၀)ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-ထွဋ်မြတ်တွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်း အစီ အစဉ်ကို ကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသောကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးအား သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေး ဆင့်ပွား သင်တန်းပေးခဲ့ပြီး ၎င်းသင်တန်းသားများပူးပေါင်းပါဝင်၍ ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူ (၁၀၀၀)ဦးခန့် တစ်ကျောင်း လုံး အတိုင်းအတာဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar_eqk #bgo_jun2019 … Read more
-
ယာယီရေလှောင်ကန်ပြုလုပ်ရန် မိုးကာစများနှင့် ရေခပ်ပုံးများထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့နှင့်အတူ (၁၉-၆-၂၀၁၉) ရက်၊ နေ့ (၁၅း၀၀) နာရီတွင် ကလေးမြို့နယ်၊ မော်လိုက် ကလေးကျေးရွာအတွက် မိုးကာစပေ(၁၈x၁၂) (၁၁)ခု၊ ရေခပ်ပုံး(၁၁)ပုံးနှင့် ကျီကုန်းကျေးရွာအတွက် မိုးကာစ ပေ(၁၈x၁၂) (၂၀)ခု၊ ရေခပ်ပုံး (၂၀)ပုံးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_drg #sgg_jun2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကလေးခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၆.၂၀၁၉) ရက်နေ့ (၁၅း၀၀) နာရီအချိန်၌ ကလေးမြို့နယ်၊ ကြို့သုံးပင်ရပ်ကွက်၊ နယ်မြေ (၅) တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ်(၁)လုံး၊ မိသားစု (၁) စုမှ လူဦးရေ (၃) ဦးအတွက် family kits (၁)ပုံး၊ ဆန်ရိက္ခာဖိုးငွေ(၆,၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်တို့ကို (၁၉.၆.၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူများထံသို့ လက်ဝယ်အရောက် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် မောင်တောမြို့ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၂၅၀)ဦးအား သဘာဝးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေး အသိပညာပေး ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များနှင့် ကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၂၀) တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2019 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပမှုသတင်း
ဇွန်လ ၁၉၊ နေပြည်တော် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ (၂) ရပ် အစည်းအဝေး (၂/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆွေးနွေးစကားပြောကြားရာတွင် UPR ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက် ချက်များကိုတင်ပြ၍ သုံးသပ်မှုခံယူရန် နိုင်ငံအချင်းချင်းအကြံပြုကြခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာကို ၅ … Read more
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချုခြင်းနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က-ခြံကြီးစုတွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်း အစီအစဉ်ကို ကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသောကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆင့်ပွား သင်တန်းပေးခဲ့ပြီး ၎င်းသင်တန်းသားများ ပူးပေါင်းပါဝင်၍ ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ကျောင်းသူ (၈၀၀)ဦးခန့် တစ်ကျောင်းလုံး အတိုင်းအတာဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအား အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #simex_eqk #krn_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး … Read more
