Author Archives: Aye Kyimann
-
မြစ်ရေကြီးခြင်းသတိပေးချက်
================================================================ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသညိ။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြုခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း (၁၉၈) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြပုံများ ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ
=============================================================== (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်မြောက်ပိုင်းတွင် နောက်(၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ”
-
သဲကုန်း-ညောင်အိုင်ပန်းတာသစ်တည်ဆောက်ရာတွင် ရွှေ့ပြောင်းပေးရသည့် ပြည်သူများအတွက်ထောက်ပံံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ သဲကုန်း-ညောင်အိုင်ပန်းတာသစ်တည်ဆောက်ရာ၌ သဲကုန်းအုပ်စု၊ သဲကုန်းကျေးရွာနှင့် ညောင်အိုင်ကျေးရွာ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ကျုံတနော်တောင်ကျေးရွာနှင့် ညောင်အိုင်ကျေးရွာများတွင် ရွှေ့ပြောင်းနေထိုင်ကြရ သော အိမ်ခြေ(၂၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁,၈၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၇၅၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁,၅၈၁,၃၀၀/-)ကျပ်၊ ဘုန်းကြီးးကျောင်း (၁) ကျောင်း ရွှေ့ပြောင်းမှုအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၃,၄၈၁,၃၀၀/-)ကျပ်တို့ကို ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၇-၆-၂၀၁၉) ရက်နေ့တွင် … Read more
-
DAN Mobile Application နှင့်ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျွန်းရွာနှင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile App ဖြန့်ဝေခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ထိုတက်ရောက်လာသော ပြည်သူများထံသို့ မိုဘိုင်း App ဖြန့်ဝေပေးခြင်း၊ မော်လမြိုင်မြို့ လူစည်ကားသော စတိုးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် App ကြော်ငြာစတေကာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
================================================= “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် နောက်(၇၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင် သည်ဟု ခန့်မှန်းရပါသည်။ “
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ လွှတ်တော် ဥက္ကဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား DAN Mobile Application နှင့် စပ်လျဉ်းသည့် အချက်အလက်များ ရှင်းလင်းတင်ပြခြင်း၊ လက်ကမ်းစာစောင်များ၊ ကြော်ငြာစတစ်ကာများဖြန့်ဝေခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီချိန်တွင် မြောင်းမြမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဂုန်လျှော်စက်ရုံ)၌ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များဟောပြော ဆွေးနွေးခဲ့ပြီ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် DAN mobile application မိတ်ဆက်ဖြန့်ချိမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးကျေးရွာအုပ်စု ဗြိုက်ကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာပြည်သူလူထု (၂၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား DAN mobile application သုံးစွဲပုံအား မိတ်ဆက်ခြင်းဖြန့်ချိခြင်း များဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: ဧရာဝတီတိုင်ဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Bangladesh Institute of Peace and Security Studies (BIPSS)နှင့် UNICEF Myanmar အဖွဲ့တို့မှ တာဝန်ရှိသူများက သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇွန် ၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Bangladesh Institute of Peace and Security Studies(BIPSS)နှင့် UNICEF Myanmar အဖွဲ့တို့မှတာဝန်ရှိသူများက ယနေ့ မွန်းလွဲ ပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Think Tank တစ်ခုဖြစ်သည့် BIPSS မှ ဥက္ကဌဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် မနူနီဇူရာမာန်နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရသစ်တာဝန်ယူချိန်မှစ၍ … Read more
