Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၁၉)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ တာပွန်မြို့၊ အ.ထ.က(တာပွန်)ကျောင်းတွင် (၁၃.၈.၂၀၁၉)ရက်နေ့တွင်ကျင်းပမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သရုပ်ပြ လေ့ကျင့်ခြင်းအတွက် တာပွန်မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အ.ထ.က(တာပွန်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ဆင့်ပွား သင်တန်းသင်ယူမည့် ကျောင်းသား/သူများ စုစုပေါင်း (၅၀)ဦးခန့်ဖြင့် အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_aug2019 Source:       မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာတွင် (၆.၈.၂၀၁၉)ရက်နေ့၊ နံနက်(၁း၀၀)နာရီအချိန်က ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ပြိုလဲနေအိမ် မှဘေးသင့် ပြည်သူ စုစုပေါင်း(၅)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း (၁၁၀,၅၀ဝ/-) ကျပ်တို့ကို (၈-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2019 Source:       မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအချိန်အထိ အထက (သစ်ရာမြိုင်) ကျွန်းလှမြို့ရှိ ကျောင်းသူ/ ကျောင်းသား (၃၀၀)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပေး ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2019 Source:       ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်-သံတွဲခရိုင် ဂွမြို့နယ်၊ ကျင်းကြီးကျေးရွာအုပ်စု ရမ္မာကျွန်းကျေးရွာတွင် (၂၆.၇.၁၉)ရက်နေ့၌ လေပြင်း တိုက်ခတ်မှုကြောင့် လုံးဝပျက်စီးတဲအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ထောက်ပံ့ငွေ (၁)အိမ်လျှင် (၁၀၀၀၀၀/-)နှုန်းဖြင့် (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတဲအိမ် (၁၀)လုံးအတွက် တစ်အိမ်လျှင် (၂၀၀၀၀/-)ကျပ်နှုန်းဖြင့်(၁၀)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး တစ်ပတ်စာလူဦးရေ (၄၇)ဦးအတွက် (၉၈၇၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု (၂)စုစာ တန်ဖိုးငွေ (၈၀၇၀၆) ကျပ်၊ စုစုပေါင်း (၅၇၉၄၀၆/-)ကျပ်တို့အား (၆.၈.၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၈.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သံတွဲခရိုင် သံတွဲမြို့နယ်၊ မှိုဟင်းပြင်ကျေးရွာဘုန်း တော်ကြီးကျောင်းတွင် ကျေးရွာသူ/သားများ(၇၅)ဦးခန့်အား ဥတုပြောင်းလဲလာမှို၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_aug2019 Source:   သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ သံတွဲခရိုင်သံတွဲမြို့၊ အထက(ခွဲ)မြို့မကျောင်း တွင် ကျောင်းသူ/သားများ၊ ဆရာ၊ ဆရာမစုစုပေါင်း (၁၅၀) ဦးအား ရာသီဥတုပြောင်းလဲလာမှုငလျင် ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေး ဖြစ်ပွားမှု၊ မိုးကြိုးဘေး အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_aug2019 Source:   သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ရေသိုးကျေးရွာတွင် (၇-၈-၂၀၁၉)နေ့တွင် လေဘေးသင့်ပြိုလဲ ဝါးအိမ် (၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၂)ဦးနှင့် ခတ္တူကျေးရွာအုပ်စု ခတ္တူရွာသစ်စုကျေးရွာတွင် (၈-၈-၂၀၁၉)နေ့လေဘေးသင့် အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦးတို့အတွက် (၃၃၈၅၃)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တစ်အိမ်ထောင်စာနှင့် (၃၂၃၅၃)တန်ဖိုးရှိ သော ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တစ်အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၁၄၇၀၀)ကျပ်ကိုလည်းကောင်း (၉-၈-၂၀၁၉)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ … Read more

  • မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့မှစ၍ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဒုံသမိမြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေး စခန်း (၄)ခုသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ(၇၆)လုံး၊ အိမ်ထောင်စု(၇၆)စုမှ လူဦးရေ(၄၁၂)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၈၆၅,၂၀၀/-) ကျပ်တို့ကို (၈.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2019 Source:   သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့တွင် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ကျားဘိုကျေးရွာ၊ ကျွဲခြံကျေးရွာ၊ အဟောက်ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၆)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၅၄,၆၀၀/-)၊ စုစုပေါင်း (၆၅၄,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု (၆)စုစာ (တန်ဖိုးငွေ-၂၂၁,၂၆၈/-)ကျပ်အား လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၂၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၂၈,၀၀၀/)ကျပ်၊ လူဦးရေ(၁၁၂)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၂၃၅,၂၀၀/-)ကျပ်၊ စုစုပေါင်း( ၂,၄၁၇,၈၀၀/-)ကျပ်နှင့် ဒဏ်ရာရလူနာ … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၈.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုံးအိမ်စုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၀,၀၀၀/-)၊ လူဦးရေ(၃၃)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၆၉,၃၀၀/-)၊ စုစုပေါင်း(၆၆၉,၃၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု(၆)စုစာ (တန်ဖိုးငွေ-၂၂၄,၁၁၈/-)နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၇၅,၀၀၀/-)ကျပ်၊ လူဦးရေ(၄၂)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်း(၇၆၃,၂၀၀/-)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘာသာရေးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၅၃၂,၅၀၀/-) အား … Read more

Sign Up

Upcoming Events