Author Archives: Aye Kyimann
-
အသိပညာပေး ဗီနိုင်းပိုစတာပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁၀.၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်မြို့ပတ်လမ်း အ.ထ.က (၁) ကျောင်းရှေ့၌ စိုက်ထူထားသောရေဘေးအသိပညာပေးဗီနိုင်းပိုစတာနေရာတွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #mon_oct2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဒလမြို့နယ်မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၉) ရက်နေ့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ကျန်းမာရေး၀န်ထမ်းအိမ်ရာရပ်ကွက်၊ ဇီဇဝါ လမ်းရှိ ကျန်းမာရေး၀န်ကြီးဌာနပိုင် လိုင်းခန်းဖြစ်သော တစ်ထပ်ပျဉ်ထောင်(၈) ခန်းတွဲ၊ လိုင်းအမှတ်(၆၄)၊ အခန်း(၄)ရှိ ဒေါ်တင်မြင့်၏ မီးသွေးမီးဖိုမှ တဆင့် (၂၈.၉.၂၀၁၉) ရက်နေ့ (၁၄:၁၀) နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းမှုကြောင့် တစ်ထပ်ပျဉ်ထောင် လိုင်း (၈) ခန်းတွဲ (အားလုံး) မီးလောင် ကျွမ်းခဲ့ရာ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၃၉) ဦးအတွက် … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================== “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကိုမိုရင်း ဧရိယာ (Comorin area)နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် လက်ရှပ်ဝိ၊ မော်လ်ဒိုက်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကိုမိုရင်း ဧရိယာ (Comorin area)တွင် ဆက်လက်တည်ရှိနေပါသည်။”
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
============================================= “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကိုမိုရင်းဧရိယာ (Comorin area)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
============================================ “ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာတောင်ပိုင်းကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ကိုမိုရင်းဧရိယာ(Comorin area)နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဆက်လက်တည်ရှိနေပါသည်။”
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
================================================= “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော သီရိလင်္ကာတောင်ပိုင်း ကမ်းခြေအနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။”
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
======================================== “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော သီရိလင်္ကာတောင်ပိုင်းကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
၂၄-၁၀-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် ဖိတ်ကြားထားသည့် တိုင်းနှင့်ပြည်နယ်များမှ စခန်း/ဂေဟာတာဝန်ခံ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ပြည်သူ့အတွက်လိုအပ်ချက်အရ (၃၀-၁-၂၀၁၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး(၁)နှစ်နှင့်(၉)လသာ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
========================================= “ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေ ကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။”
-
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း =========================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၏ (၁၈-၁၀-၂၀၁၉)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_oct2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
