Author Archives: Aye Kyimann
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ လေးလံကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀)ကျပ် ကယ်ဆယ်ရေး ပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ) (၁)အိမ်ထောင်စာအား (၂၅-၁-၂၀၂၀)ရက်နေ့ (၁၀းဝဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_jan2020 … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၈-၁-၂၀၂၀) ရက်နေ့တွင် တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအုပ်စု၊ သနန်ကျေးရွာတွင် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး ၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်တိတိကို (၂၃-၁-၂၀၂၀)ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် မြို့နယ် ထွေ/အုပ် ဦးစီးဌာနမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_fir #sgg_jan2020 Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀းဝ၀)နာရီမှ (၁၂း၀၀)နာရီထိ တာချီလိတ်မြို့ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသူ၊ ကျောင်းသားများ၊ စုစုပေါင်းအင်အား (၁၃၅) ဦးအား သဘာ၀ဘေးနှင့် စပ်လျဉ်း၍အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေး အန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီး နောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက်ဘေးကျရောက်လာပါက တုန့်ပြန် ဆောင်ရွက်သည့်အနေအထားများကို ပြသခြင်း၊ ဂိမ်းများကစားခြင်းဖြင့် … Read more
-
ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာအနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်ကို (၂၄-၁-၂၀၂၀) ရက်နေ့ (၁၅း၁၅) နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး၌ ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_jan2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁.၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီ အချိန်မှ (၁၅:၀၀)နာရီအချိန်အထိ ဆိပ်ဖြူမြို့နယ် ဒေါသာ ကျေးရွာအုပ်စု၊ ဒေါသာ ကျေးရွာအထက(ခွဲ)ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက် များ၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၁၄း၀၀)နာရီမှ (၁၅း၃၀) နာရီအထိ ဝေါမြို့နယ်၊ ဝိုင်းပါတ်ကျေးရွာအုပ်စု၊ အထက်ဝိုင်းပါတ် ကျေးရွာ၊ အောက်ဝိုင်းပါတ်ကျေးရွာ၊ကျွန်းစုကျေးရွာအပါ ရွာ (၃) ရွာ၏ အထက်ဝိုင်းပါတ်ဘုန်း တော်ကြီးကျောင်းဓမ္မာရုံတွင် ဝေါမြို့နယ့်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိရပ်ဖများကျေးရွာများအတွင်းရှိ ပြည်သူများ/ စုစုပေါင်း တက်ရောက်လာသူ (၃၀၀) ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီကြိုတင် ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၁၁၀၀)နာရီမှ(၁၂း၃၀)နာရီအထိ ဝေါမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဝေါမြို့နယ့်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိ ရပ်ဖများကျေးရွာအတွင်းရှိပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးမီးဘေးဗီနိုင်း(မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးပိုစတာများ)အား ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ပြီး လက်ကမ်းစာစောင်များ၊ မုန့့်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jan2020 … Read more
-
သေဆုံးသူများနှင့်ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စု၊ ကင်းတောင်ကျေးရွာနေ၌ သေဆုံးသူ (၂) ဦးအတွက် (၁)ဦးလျှင် (၃၀၀၀၀၀/-)ကျပ်နှုန်းဖြင့် (၆၀၀၀၀၀/) ကျပ်နှင့် ဒဏ်ရာရရှိသူ(၇)ဦးအတွက် (၁)ဦးလျှင်(၅၀၀၀၀/-)ကျပ်နှုန်းဖြင့် (၃၅၀၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၅၀၀၀၀/-)ကျပ်တို့ကို (၂၅-၁-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jan2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီအစည်အဝေး ကျင်းပမှုသတင်း
ဇန်နဝါရီ ၂၄၊ နေပြည်တော် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးသည် မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ရာတွင်လည်းကောင်း၊ အခွင့်အရေးများကို ဖော်ထုတ်တောင်းဆိုရာတွင်လည်းကောင်း ဥပဒေနှင့်အညီဖြစ်ရန်လိုအပ်သည့်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာတည်တံ့ခိုင်မြဲရေး အချက်(၃)ချက်ကိုလည်း … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့တို့ပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
နေပြည်တော်၊ ဇန်နဝါရီလ(၂၄)ရက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့နှင့် အင်္ဂလန်နိုင်ငံ တော်ဝင်ကလေးကျန်းမာပညာ အဖွဲ့မှပညာရှင်များပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အနာဂတ်ဖြစ်သော ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှကင်းဝေးကာကျန်းမာဖွံ့ဖြိုးစေရေးအတွက် ယခုပြုလုပ်သည့် အလုပ်ရုံ … Read more
