Author Archives: Aye Kyimann

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဉီးစီးမှူးရုံးမှ ကျိုက်လတ်မြို့နယ်ရှိ ပညာဝတီ၊ အမျိုးသမီး ဘဝမြင့်တင်ရေးဂေဟာတွင် (၃၀-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် covid 19 ကပ်ရောဂါနှင့်ပတ်သက်၍ အသိ ပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ ထန်းဇင်လှကျေးရွာအုပ်စု၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ (၃၀-၃-၂၀၂၀) ရက်နေ့၌ (၁၁:၃၀) နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ကျေးရွာ/ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။ #ar #ayy_mar2020 Source:  သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid_ 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင် ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ပြည်သူများအား Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်း​ဘေးကြိုတင်ပြင်ဆင်​ရေးနှင့် မြို့နယ်အဆင့်သဘာ၀​​ဘေးစီမံခန့်ခွဲမှုသင်တန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀)ရက်နေ့မှ (၇.၃.၂၀၂၀)ရက်နေ့အထိ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံး အစည်း အဝေးခန်းမတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် မြို့နယ်အဆင့်သဘာ၀ဘေးစီမံခန့်ခွဲမှုသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ဆီဆိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ အပါအဝင် သင်တန်းသား/သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #sgw #ar #shn_mar2020 Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာစည်မြို့၊ ညောင်ရမ်း(ဈေး)ကျေးရွာအုပ်စု၊ မိုးညှင်း‌ကျေးရွာတွင် မတ်လ (၇) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ လူ(၈)ဦးအတွက် ဆန်ဖိုးငွေ (၁၆၈၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တစ်အိမ်ထောင်စာတို့ကို မတ်လ (၈) ရက်နေ့တွင် မီးဘေးသင့် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar2020 Source:  မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝမ်းတွင်းမြို့၊ ကုန်းကြီးကျေးရွာအုပ်စု၊ ကြပ်ကန်‌ကျေးရွာတွင် မတ်လ(၆)ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ လူ(၄)ဦးအတွက် ဆန်ဖိုးငွေ (၈၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တစ်အိမ်ထောင်စာတို့ကို မတ်လ (၇) ရက်နေ့တွင် မီးဘေး သင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar2020 Source:  မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒေါဝယ်ကူး ကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့်  သောက်သုံးရေဂါလံ(၁၂၀၀)အားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူ ကျေးရွာ အုပ်စု၊ လေမအန်းခူကျေးရွာသို့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေဂါလံ(၃၂၀၀) အားလည်းကောင်း သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source:  ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဘီဆို ကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေဂါလံ (၁၂၀၀) အား လည်းကောင်း၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ ကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာသို့  ရေသယ်ယာဉ် (၁) စီးခြင့် သောက်သုံးရေ ဂါလံ (၃၂၀၀) အားလည်းကောင်း သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_drg #kyh_mar2020 Source:  ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေးပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လေးပြင်းဘေးကြို တင်ကာကွယ်ရေးလုပ်ငန်းစီမံချက်အတွက် မိုးညိုမြို့နယ်၊ ကရင်ချောင်ကျေးရွာအုပ်စု၊ ငါးကျီးကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ အုပ်စု၊ ငါးကျီးကျေးရွာ၊ ရေကင်းကျေးရွာအုပ်စု၊ သက္ကယ်တန်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ရေခင်းခြံကျေးရွာနှင့် မင်းကြီး ကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတက်သော လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊မေတ္တာပေါင်းကူးပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ (၇-၃-၂၀၂၀)ရက်နေ့၌ ကွင်းဆင်းစာရင်းကောက် လျက်ရှိပါကြောင်း … Read more

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀) ရက်တွင် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ မဏိ ရတနာကျောင်းတိုက်သို့ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၈၆) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာဖိုး ထောက်ပံ့ငွေ(၃၆၁၂၀၀/-)တို့ကို (၇.၃.၂၀၂၀) ရက်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_mar2020 Source:  စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events