Author Archives: Aye Kyimann

  • Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ နားမားကျေးရွာ၊ ရေပူစမ်းကျေးရွာ၊ ဖားအီကျေးရွာ၊ လွယ်ဆောင်ကျေးရွာ၊ ပါထန်ကျေးရွာနှင့် ဟိုနားကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့ စက်ဖြင့် လှည့်လည်ဟောပြောခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source:  မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် လောက်ကိုင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လောက်ကိုင်မြို့ပေါ်ရပ်ကွက်ဖြစ်သော ရပ်ကွက် (၂) တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source:  လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချ ထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးနှင့်အဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ပြန်ဆက်၊ မြို့နယ် မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၃၁-၃-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီမှ(၁၁:၃၀) နာရီထိ မိုင်းဖြတ်မြို့နယ်၊ ပါပူးကျေးရွာ၊ နားမွန်းကျေးရွာ၊ ဟိုနား(ရှမ်းရွာ)နှင့်ပြည်ထောင်စုလမ်း မကြီးတစ်လျှောက်တို့ကို COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွား စေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များ၊ ပြည်သူသို့ ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြန်မာဘာသာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source:  မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာမြို့နယ်၊ မုံရွေးကျေးရွာ၊ ကြေးမုံကျေးရွာ၊ ပုရစ်ကုန်းတောင်ရွာ၊ ပုရစ်ကုန်း မြောက်ရွာ၊ မင်းရွာ၊ မြေနဲကျေးရွာ၊ မအူကြီးကျေးရွာ၊ ရွာထောင်ကျေးရွာ၊ လယ်ဇင်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာတို့တွင် (၃၁-၃-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်မှစ၍ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ ရှောင်ရန်များကို သိရှိနိုင်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ အလင်းရောင်ပရဟိတ လူမှုကူညီရေးအသင်းနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာ၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်ကွက်၊ တော်ကော့ရပ်ကွက် စသည့် ကျေးရွာ၊ ရပ်ကွက်၌ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ ထံ အသိပေးပန်ကြားခြင်းကို အသံချဲ့စက်ဖြင့် ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့်လှည့်လည် ဆော်သြခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source:  တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်တွင် ပြည်တော်ပြန် (၂) ဦးကို (၁၄) ရက် စောင့်ကြည့်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်း၊ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မိုင်းပျဉ်းမြို့၊ မြို့အဝင်အထွက်များတွင် ခရီးသည်များကိုအပူချိန်တိုင်းတာခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်း covid-19 ရောဂါနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source:  မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၃၀-၃-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် အတွင်းရှိ ညောင်ဖြူပင်ကျေးရွာ၊ ဘူးဗကျေးရွာ၊ ချမ်းသာကျွန်းကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ပေါက်ပင်ကျေးရွာ၊ ထနောင်းတော (တ)ရွာနှင့် (မ)ရွာ၊ ‌ရွှေစုံကျေးရွာနှင့် ပင်းပိုးကျေးရွာများတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source:   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များဖြစ်သော ကြခတ်၊ မင်းရပ်၊ ဝန်လို၊ စည်သာ၊ ဖောင်းကန် ရပ်ကွက် (၅) ခုနှင့် ဥသျှစ်ပင်မြို့ပေါ်ရှိ ရပ်ကွက်များအား COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_mar2020 Source:   ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီးမှူးရုံးမှ ဖျာပုံမြို့ရှိ ရပ်ကွက်၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရှိ ရပ်ကွက်နေပြည်သူများအား (၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၉:၀၀) နာရီအချိန်တွင် covid-19 ကပ်ရောဂါနှင့်ပတ်သက်၍အသိ ပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events