လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၅-၄-၂၀၂၀) ရက်‌နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်း ကျေးရွာအုပ်စု​မြို့ဟောင်း ကျေးရွာလေဘေးသင့် အိမ် (၁) လုံးအတွက်အိမ် ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀/-)ကျပ် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေကျပ် (၆၃၀၀/-) ကျပ် (၃၄၇၅၃/-)တန်ဖိုးရှိကဆရ ပစ္စည်း (၁၆)မျိုး (၁)စုစာ အနောက်မော်တုန်းကျေးရွာအုပ်စု နန်းစိမ့်ပြင်ကျေးရွာလေဘေးသင့် အိမ်​ ​ခြေ (၁)လုံးအတွက် အိမ်​ဆောက် ပစ္စည်း ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀/-) ကျပ် လူ (၁၁) ဦးအတွက် ဆန်ဖိုး (၂၃၁၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) စု စာစုစုပေါင်း ထောက်ပံ့ငွေ (၂၂၉၄၀၀/-) ကျပ်အား (၇-၄-၂၀၂၀) ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီချိန်တွင် ဘေးသင့်သူများထံ အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#tny_apr2020

 Source:  တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events