Author Archives: Aye Kyimann

  • COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ၊ ကတုံးပေါ်ကျေးရွာနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွား လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source:  မုဒုံမြို့နယ်ဦးစီးမှူးရုံး … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ မဲဇလီကျွေးရွာအုပ်စု၊ မဲဇလီကျေးရွာတွင် (၁၀-၇-၂၀၂၀) ရက်နေ့ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု(၃)စု၊ လူဦးရေ (၇)ဦးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၁၄၇၀၀/-) ကျပ်အား (၁၃-၇-၂၀၂၀) ရက်နေ့ (၁၂:၅၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2020 … Read more

  • Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုး ဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို လော်စပီကာများအသုံးပြု၍ မကွေးမြို့၊ အောင်မေတ္တာ(ဃ)ရပ်ကွက်တွင် (၁၃-၇-၂၀၂၀) ရက်နေ့ (၇:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဆောင်ရွက်ခဲ့ပါ ကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ar_tls_sgw #mgy_jul2020 Source:  မ​ကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • လေပြင်းဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀)ရက်နေ့(၁၉:၂၀)အချိန်တွင် ကန့်ဘလူမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံးသွားသော ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်မှ သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေ (၉၀၀၀၀ဝ/-)ကို ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၀-၇-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ လက်ဝယ် အရောက် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_jul2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာအုပ်စု၊ ဇရပ်ဖြူကျေးရွာ၊ ပိုးစာခြံကျေးရွာ၊ လောပိတစံပြကျေးရွာ၊ သတ္တပလူကျေးရွာနှင့် လောပိတကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ar #kyh_jul2020 Source: MOSWRR  

  • COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ်မြောက် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိူင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Covid.19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကတ်ထိုက်စျေး၊ ကျိုင်းတုံမြို့၌ ပြည်သူများသို့ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ Maskများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများကပ်ပေးခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source:   ကျိူင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ်မြောက် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၁၀-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနုံးတန်းကျေးရွာအုပ်စုအတွင်းရှိ ကညင်ချောင်း ကျေးရွာ၊ ဝါးတောစုကျေးရွာ၊ နုံးတန်းကျေးရွာ၊ ရွှေခတ်ကျေးရွာနှင့် ဖိုးရွှေမင်းကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယ လှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပေး ကြေညာချက်များအား လော်စပီကာများဖြင့် လှည့်လှည်၍ အသိပညာပေးဆောင်ရွက်ခြင်း၊ မိုးကြိုးဘေး/ မုန်တိုင်းဘေး အန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • COVID-19 ကူးစက် ရောဂါနှင့်သဘာဝဘေးနှင့်ပတ်သတ်သည့် ဒုတိယအကြိမ်မြောက် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ ရွှေတောက်ကျွန်းကျေးရွာအုပ်စု၊ ရွှေတောက်ကျွန်း ကျေးရွာ၊ အိုးဘိုလေးကျေးရွာ၊ ကြာအင်ကွင်းကျေးရွာ၊ သင်းမြှောင်းကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိ တာ၀န်ရှိသူများနှင့်အတူ (၉-၇-၂၀၂၀)ရက်နေ့၌ (၁၁:၀၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိ သော COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့ အား ဒုတိယအကြိမ် အသိပညာ​ပေးခြင်းနှင့် ကျန်းမာရေးအရေးပေါ်သုံး First Aid Kit များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source:   … Read more

Sign Up

Upcoming Events