Author Archives: Aye Kyimann
-
Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) ရက်နေ့၊ (၁၁:၄၅) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဂျုံးဂျုံးကျကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက် နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇.၇.၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ထီးလသူးခို ကျေးရွာ၊ လွီကထိကျေးရွာ၊ ပဒါန်းခိုကျေးရွာ၊ ပဆေးလာကျေးရွာ၊ မြလဲကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၇.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စုနှင့် စက္ကော့ရေလယ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ဒုတိယအကြိမ်အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ယိုးဒယားတက် ကျေးရွာအုပ်စု၊ ယိုးဒယားတက်ကျေးရွာ၊ အနောက်စုကျေးကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာနှင့် ပန်းတောရိုး ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားရေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့်ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာ၌ (၂၆-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၅၀၄၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၅၅၀၄၀၀/-)ကျပ်အား (၂၇-၇-၂၀၂၀)ရက်နေ့၊ (၁၃;၄၅)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့ ဇလွန်မြို့နယ်၊ ရင်းတိုက်ကုန်းအုပ်စု (ရင်းတိုက်ကုန်း၊ ညောင်အိုင်၊ ရွာသာယာ) ကျေးရွာ၊ သဲကုန်းအုပ်စု၊ သဲကုန်းရွာတို့တွင် နံနက် (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိလည်းကောင်း၊ ဟင်္သာတမြို့နယ် (သုံးပင်ကွင်း၊ ပတ္တမြား)ရပ်ကွက်တို့တွင် ည (၁၈:၀၀)နာရီအချိန်မှ (၂၀:၀၀)နာရီအချိန်ထိလည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့ပေါ်အရှေ့ပိုင်းရပ်ကွက်၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည်လည်ဟောပြောခြင်း၊ ဘေး (၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ဗွီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်အတွင်းရှိ (IDPs)များ ပြန်လည်နေရာချထားရေးတွင် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို တာဝန်ရှိ သူများနှင့် တွေ့ဆုံညှိနှိုင်းမှုသတင်း
ဇူလိုင်၂၃၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံမှ ကနဦး ဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်း ဆောင်ရွက်မည့်ကိစ္စအပေါ် Power China Kunming Engineering Corporation က Chief Representative ဖြစ်သူ Mr. GaoZhong ping ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာအုပ်စု၊ ဇီးပင်ကွင်းကျေးရွာ၊ ရှမ်းချောင်ကျေးရွာ၊ ကသစ်တန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝ ဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို (၂၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အားအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့တွင် ဆပ်ပြာ (၉၄၂) ခဲ၊ ထုံး (၄၀)အိတ်၊ နှာခေါင်းစည်း၊ ဗီနိုင်း ပိုစတာအား ဝိုင်းမော်မြို့နယ်ရှိ၊ မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ မှုရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီစခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_jul2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
