Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့ ဇလွန်မြို့နယ်၊ ရင်းတိုက်ကုန်းအုပ်စု (ရင်းတိုက်ကုန်း၊ ညောင်အိုင်၊ ရွာသာယာ) ကျေးရွာ၊ သဲကုန်းအုပ်စု၊ သဲကုန်းရွာတို့တွင် နံနက် (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိလည်းကောင်း၊ ဟင်္သာတမြို့နယ် (သုံးပင်ကွင်း၊ ပတ္တမြား)ရပ်ကွက်တို့တွင် ည (၁၈:၀၀)နာရီအချိန်မှ (၂၀:၀၀)နာရီအချိန်ထိလည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အား လည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများ အန္တရာယ်များနှင့်ပတ်သက်သည့်သဘာဝဘေးအသိ ပညာပေးခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိ လိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေး လုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_jul2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events