Author Archives: Hlaing ChoOo

  • လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    ၁၀-၅-၂၀၂၁ လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစီမံချက်အပေါ် ညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၂း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားရာ၌ နိုင်ငံသူ၊ နိုင်ငံသားများအား ထိရောက်သော လူမှုရေးဝန်ဆောင်မှုနှင့် အထောက်အပံ့များပေးအပ်နိုင်ရေး ဆောင်ရွက်ရာမှာ လူမှုရေးပညာဟာ အရေးကြီးသော ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ကျွမ်းကျင်သော လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးနိုင်ရေး အတွက် လူမှုရေးပညာတက္ကသိုလ်တစ်ခု မဖြစ်မနေလိုအပ်ပါကြောင်း၊ အဆိုပါ တက္ကသိုလ်ဖွင့်လှစ် နိုင်ရေးအတွက် … Read more

  • ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၁/၂၀၂၁)

    ဧပြီ (၂၆) ရက်နေ့၊ မွန်းလွဲ (၂:၀၀) နာရီ                                                         နေပြည်တော် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ နေ့လည် (၁၄:၀၀) နာရီတွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ … Read more

  • ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလွှမ်းခြုံမှု မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

    နေပြည်တော်၊ ဧပြီလ ၇ ရက်၊ သတင်းစဉ် ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလွှမ်းခြုံ မှုမြင့်မားစေရေးအလုပ်ရုံဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Virtual စနစ် ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှု ဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့်  ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable … Read more

  • လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Social Management Information System – SMIS) တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

      ၅ ဧပြီ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Social Management Information System–SMIS) တည်ဆောက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အမှာစကားပြောကြားရာတွင် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက် နည်းပညာကို အသုံးပြုပြီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် ဝန်ကြီး ဌာန၏ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ (၂၂-၃-၂၀၂၁ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၅) လုံး၊ အမိုးလန်နေအိမ် (၆၈) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၄,၂၂၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၃၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၀၇,၇၀၀/-) ကျပ်တို့အား (၂၅-၃-၂၀၂၁) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_mar2021 … Read more

Sign Up

Upcoming Events