Author Archives: Hlaing ChoOo
-
ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အမှတ် (၃) ရပ်ကွက်တွင် (၁၆-၆-၂၀၂၁) ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ခြေ (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်တို့အား (၂၀-၆-၂၀၂၁) ရက်နေ့၊ (၁၀:၄၅) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ygn_jun2021 Source: … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဇွန် (၁၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းများဆောင်ရွက်
ပြည်မြို့ ၁၂-၆-၂၀၂၁ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများနှင့် အသက်(၈၅)နှစ်အထက်ဘိုးဘွားများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ၁၂-၆-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဦးအောင်မင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများ … Read more
-
လူမှုရေးပညာတက္ကသိုလ် (Social Work Institute) တည်ထောင်ဖွင့်လှစ်နိုင်ရေး ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
ဇွန်လ ၁၀ ၊ နေပြည်တော် လူမှုရေးပညာတက္ကသိုလ် (Social Work Institute) တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကျွမ်းကျင်သော လူမှုဝန်ထမ်းသမားများ မွေးထုတ် ပေးနိုင်ရေးအတွက် လူမှုရေးပညာတက္ကသိုလ်သည် မဖြစ်မနေလိုအပ်ပါကြောင်း၊ လူမှုရေးပညာ တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းအဖွဲ့များဖွဲ့၍ စဉ်ဆက်မပြတ် ဆောင်ရွက် နေမှုအပေါ် … Read more
-
အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM) နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများနှင့် အာဆီယံကဏ္ဍအလိုက်အဖွဲ့အစည်းများ ၏အစည်းအဝေးသို့ တက်ရောက်
နေပြည်တော်၊ ဇွန် ၁၀ (၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖြစ်သည့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM) နှင့် တရုတ် နိုင်ငံ၊ ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများနှင့် အာဆီယံ ကဏ္ဍအလိုက်အဖွဲ့အစည်းများ၏အစည်းအဝေးကို (၁၀-၆-၂၀၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၃၀) နာရီအချိန်မှစ၍ Video Conferencing ဖြင့်ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့်ဌာနများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊ AHA Centre၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှတာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ … Read more
-
သာယာဝတီမြို့အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့၊ ကျေးရွာအုပ်စု (၅) အုပ်စုတို့၌ (၅-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုလဲအိမ်ခြေ (၁၁) လုံးနှင့် အမိုးလန်အိမ်ခြေ (၂၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁,၈၈၅,၀၀၀/-) ကျပ်၊ လူဦးရေ (၁၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၄၉,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၁) အိမ်ထောင်စာတို့အား (၈-၆-၂၀၂၁) ရက်နေ့တွင် … Read more
-
(၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပါဝင်တက်ရောက်
နေပြည်တော်၊ ဇွန် ၈ အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) ၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် (၂) ကြိမ် ပုံမှန်အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သော စင်္ကာပူနိုင်ငံ က Online ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆက်စပ်အစည်းအဝေးများ၏ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခြင်းနှင့် မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည် မြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာ အုပ်စုနှင့် မိချောင်းအိုင်ကျေးရွာအုပ်စုတို့တွင် (၄-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၄) လုံးနှင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၈၅၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၂,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၄၂,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကျင်းပ
ဇွန်လ ၇၊ နေပြည်တော် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့်သင်တန်းသည် ပြန်လည်ထူထောင်ရေးဦးစီး ဌာန၏ ပထမအကြိမ်ဖွင့်လှစ်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးနည်းကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲဖြစ်ပါကြောင်း၊ ဦးစီးဌာန(၃) ခုအနက် ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် (၃၀-၁-၂၀၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ မကြာသေးသည့်အတွက် ဝန်ထမ်းများ၏အရည်အသွေးကို တိုးမြှင့်ပေးဖို့လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းမှာ ဦးစီးဌာနရှိ အမှုထမ်းများအားလုံး ရုံး လုပ်ငန်းများ … Read more
-
မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၁)
မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၁) (၂၀၂၁ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၈.၆.၂၀၂၁)မှ (၁၂.၆.၂၀၂၁) ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်း ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း … Read more
