Author Archives: Hlaing ChoOo
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၌ (၁၈-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၁) လုံးနှင့် (အ.မ.က) စာသင်ကျောင်း (၁) ကျောင်း သွပ်အမိုးများလန်ပြီး ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၁၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ … Read more
-
လေပြင်းဘေး ကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်အား ကျောက်မဲမြို့နယ်အတွင်းရှိ မိဘပြည်သူများသိရှိစေရန်အတွက် လိုက်လံကြေညာမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျောက်မဲမြို့နယ်၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်များအား ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်အတွင်းရှိ မိဘပြည်သူများသိရှိစေရန်အတွက် လိုက်လံကြေညာပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေး ကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက် လေပြင်းဘေးကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းအား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
သောက်သုံးရေလှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်မှ အိမ်ခြေ (၅၁) အိမ်၊ အိမ်ထောင်စု (၅၇) စု၊ လူဦးရေ (၂၃၉) ဦးအတွက် (၁) ရက်လျှင် သောက်သုံးရေ ဂါလန် (၆,၄၀၀) နှုန်းဖြင့် (၃) ရက်စာ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
အလှူငွေလက်ခံရရှိမှုသတင်
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁၈-၅-၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက် ဗိုလ်မှူး ဒေါ်သိန်းသိန်မြင့် (အငြိမ်းစား) မှ လာရောက်လှူဒါန်းသော အလှူငွေ (၁၀) သိန်းအား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာ၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံး၊ ဆန်စက်ရုံ (၁) ရုံရှိ ခေါင်မိုးသွပ်ပြားများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ ကျား (၁၅) ဦး၊ မ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုငွေ (၇) ရက်စာ (၆၅,၁၀၀) ကျပ်၊ … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မောက်မယ်မြို့နယ်အတွင်းမှ လူသစ်စုဆောင်းခံရမည်ကိုစိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ (၁၉၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄၅) အိမ်ထောင်စာနှင့် ဆန်/ဆီ ရိက္ခာဖိုးငွေ (၄၉၅,၃၀၀) ကျပ် တို့အား ဆီဆိုင်မြို့နယ် ထွေ/အုပ်မှတစ်ဆင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၇) ရက်နေ့(၁၃:၃၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိထားဆောင်ရွက်ရမည့် အသိပညာဗဟုသုတများဆွေးနွေးခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈,၄၀၀) ကျပ်အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ရွှေတောင်အုပ်ချုပ်ရေးဦးစီးဌာနသို့ ဘေးသင့်ပြည်သူလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ဒီပဲယင်းမြို့နယ်၊ မင်းဆွေနှစ်ကျေးရွာမှ လေဘေးသင့်အိမ်ခြေ (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၅) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀) ကျပ်နှင့် စိုင်းပြင်ကျေးရွာမှ ဘေးသင့်အိမ်ခြေ (၁၅၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၅) မျိုး (၁၅၆) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၃၆၀,၀၀၀) ကျပ်တို့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ (၁၇-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
