Author Archives: Hlaing ChoOo

  • ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၇-၇-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် ဖာပွန်မြို့၊ အနာက်ဘက်ကမ်းကျေးရွာအုပ်စု၊ အနောက်ဘက်ကမ်းကျေးရွာ၌ ဆိတ်သွားရှာစဥ် မြေမြုပ်မိုင်း(၁)လုံးပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၄-၈-၂၀၂၁)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ဘားအံမြို့၊ ကုတင်(၁၀၀)ဆေးရုံသို့သွားရောက်၍ ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyn_aug2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)  

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း နှင့်တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၁) ရက်နေ့၊ (၁၈:၀၀)နာရီအချိန်တွင် ဖာပွန်-ကမမောင်း ကားလမ်းပေါ်တွင် ကန့်လန့်ဖြတ်ဆွဲ ထားသည့် ဒေသန္တရလက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ ငွေ (၃၀၀,၀၀၀/-)ကျပ်နှင့် ဒဏ်ရာရရှိသူ (၂) ဦးတို့ အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်တို့အား (၃-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီ အချိန်ခန့်တွင် လက်ဝယ်အရောက်​သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyn_aug2021 … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၇-၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်၊ ပန်စရာရပ်၊ အေးရိပ်သာလမ်းသွယ်(၂)တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် အနောက်ဘက်အမိုးပေါ်သို့ သစ်ပင်ပြိုလဲခဲ့ကာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀/-)ကျပ်၊ ဘေးသင့် လူဦးရေ(၆)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂,၆၀၀/-)ကျပ်တို့အား(၂-၈-၂၀၂၁)ရက်နေ့(၁၄း၂၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_aug2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း မြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာနှင့် အသုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဆေးရုံကွက်သစ် (၁) လမ်း၌ (၂၂-၇-၂၀၂၁) ရက်နေ့တွင် ​​​​ ဖြစ်ပွားခဲ့သော​ လေ​ဘေးကြောင့် ဘေးသင့်အမိုးလန်ပျက်စီးနေအိမ်(၂ ) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ​လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇)ရက်စာ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀ဝ/-)ကျပ်တို့အား (၂-၈-၂၀၂၁) ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ … Read more

  • ရေဘေးသင့်ပြည်သူများအတွက်‌ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့မှစ၍ တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် (၁-၈-၂၀၂၁) ရက်နေ့တွင် ချောင်းကြီးဘုန်းကြီးကျောင်း ယာယီ ကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇)ဦး၊ မြေမအုံကျေးရွာရှိ Multipurpose Shelter ယာယီကယ်ဆယ်ရေး စခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၉)စု၊ လူဦးရေ (၁၉၁)ဦး၊ ( ၂-၈-၂၀၂၁)ရက်နေ့တွင် ချောင်းကြီး ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂)စု၊ လူဦးရေ(၁၂)ဦး၊ … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂)ရက်၊ (၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁) ပေခန့်ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၂)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

  • ရေဘေးသင့်ပြည်သူများအတွက်‌ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁) ရက်နေ့ တွင် တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် တပ်ဦး အမကကျောင်း ယာယီကယ်ဆယ်ရေးစခန်း သို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့်  အိမ်ထောင်စု (၄) စု၊  လူဦးရေ (၁၈)ဦး၊ မြသီတာ ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းများသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၆)ဦး၊ ချောင်းကြီးဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၃) စု၊ လူဦးရေ (၁၇)ဦး၊ မြန်မာအင်းတော် အမက ကျောင်းယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွေ့ နေထိုင်လျက်ရှိသည့် … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁)ရက်၊ (၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည်ရွှေကျင်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည်မဒေါက်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် … Read more

  • ရေဘေးသင့်ပြည်သူများအတွက်‌ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၂း၀၀) နာရီ အချိန်မှ (၂၉-၇-၂၀၂၁) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်ထိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လာသော ထပ်တိုးအိမ်ထောင်စု (၂၂၃) စုမှ ကျား (၄၃၃) ဦး၊ မ (၄၂၄) ဦး၊ စုစုပေါင်း (၈၅၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၇၉၉,၇၀၀/-) ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့များထံသို့ … Read more

  • လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးရွာအုပ်စု၊ ဝါးတီးကျေးရွာတွင် (၂၃-၇-၂၀၂၁) ရက်နေ့ (၁၁:၄၀) အချိန်၌ ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် လူနေအိမ် (၄)လုံးနှင့် အမိုးလန် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၉၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၀၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၈,၉၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေ (၁,၉၁၈,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး … Read more

Sign Up

Upcoming Events