Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် မူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀) ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၌ (၂၂-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သောအိမ်ထောင်စု (၈) စု၊ လူဦးရေ (၂၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၅၂,၅၀၀) ကျပ်တို့အား (၃၀-၈-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၁၇) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ လူဦးရေ (၂၀၀) ဦးအား သဘာဝ ဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစ တာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေး ခရိုင်၊ ကလေးဝမြို့နယ်အတွင်း၌ (၁၈-၈-၂၀၁၇)ရက်နေ့မှ (၂၀-၈-၂၀၁၇) ရက်နေ့ထိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် အိမ်ထောင်စု (၁၀၁) စုနှင့် လူဦးရေ (၄၆၇) ဦးတို့ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ထောက်ပံ့ရန်ကျန်ရှိသည့် လူဦးရေ (၁၄၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၂,၈၀၀) ကျပ်တို့အား (၂၅-၈-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (နယ်မယ်ခုံ) ၌ ကျောင်းသား/ကျောင်းသူ (၂၆၁) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ မန္တလေးနှင့် ဝမ်းတွင်းမြို့ ပရဟိတကွန်ယက်အသင်းတို့နှင့် ပူးပေါင်း၍ (၂၄-၈-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအား သင်တန်းသား (၃၀) ဦးဖြင့် ဝမ်းတွင်းမြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၈-၂၀၁၇) ရက်နေ့မှ (၂၆-၈-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
